ဟိုပုံး၊ ၁၀-၆-၂၀၁၇          ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ၊ ဒုတိယ အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)တွင် သဘောတူ လက်မှတ်ရေးထိုးပြီးသော လူမှုရေးကဏ္ဍမူဝါဒ သဘောတူညီချက်များကို အကောင်အထည်ဖေါ် ဆောင်ရွက်ရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန်အတွက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသို့ လာရောက်ခြင်း ဖြစ်ပါကြောင်းဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့ရှိ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အစည်း အဝေးခန်းမ၌ ယနေ့ကျင်းပသော ပြည်သူလူထုနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် ပြောကြားခဲ့ ပါသည်။         ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အစိုးရသစ်အနေဖြင့် ပြည်သူအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများကို ချမှတ်ပြီး အကောင်အထည်ဖေါ် ဆောင်ရွက်နေပါကြောင်း၊ လုပ်ငန်းများ သည် မိမိတို့ဝန်ကြီးဌာန တစ်ခုတည်းဖြင့် ဆောင်ရွက်ရန် မလုံလောက်သောကြောင့် အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ရှမ်းပြည်နယ်၊ ပင်းတယ၊ ၉-၆-၂၀၁၇             ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် ဒေသခံပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်ဝန်ကြီး ဒေါက်တာအောင်သန်းမောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၇ခုနှစ်၊ ဇွန်လ(၉)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့သို့ရောက်ရှိကြ ပါသည်။          ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ အစည်းအဝေးခန်းမ၌ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ဥက္ကဌဖြစ်သူ ဦးအာကာလင်းနှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံအမှာစကားပြော ကြားရာတွင် အစိုးရသစ်အနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း များကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊
ကျးရွာအခြေပြုအမျိုးဧရာဝတီတိုင်းဒေသကြိး၊ ဖျာပုံမြို့ ။ ၇.၆.၂၀၁၇          ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များမှ ကျေးရွာအခြေပြုအမျိုးသမီးအဖွဲ့များ မြို့နယ်အဆင့်ချိတ်ဆက်ညှိနှိုင်းအစည်းအဝေးတွင် ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးအေးကျော်မှ လူမှုဝန်ထမ်းလုပ်ငန်းကြီး(၁၀)ရပ်၊အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ခေါင်းဆောင်မှု ဘာသာရပ်များအား ၇.၆.၂၀၁၇ရက်နေ့တွင် အုန်းပင်ကျေးရွာ၊ဒေးဒရဲမြို့နယ်၌ ဆွေးနွေးဟောပြောခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ လူဦးရေ(၇၂)ဦးတက်ရောက်ခဲ့ပါသည်။အဖွဲ့များ မြို့နယ်အဆင့်ချိတ်ဆက်ညှိနှိုင်းအစည်းအဝေးကျင်းပ
မကွေးတိုင်းဒေသကြီး၊ ၆.၆.၂၀၁၇           မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် UNICEF တို့ ပူးပေါင်း၍ မကွေးတိုင်းဒေသကြီး အတွင်း သက်ငယ်မုဒိမ်းဖြစ်ပွားမှု ကြိုတင် ကာကွယ်ရေးနှင့် နောက်ဆက်တွဲ စောင့်ရှောက်မှုများ ပြုလုပ်နိုင်ရေး အတွက် သက်ငယ်မုဒိမ်း ကိစ္စအထူးအစည်းအဝေးကို မကွေးမြို့၊ နန်းထိုက်သူ ဟိုတယ်၌ (၆.၆.၂၀၁၇)ရက်နေ့ နံနက်(၉:၀၀)နာရီတွင် စတင်ခဲ့ရာ နေ့လည်(၁၂:၀၆)နာရီတွင် ပြီးမြောက်ခဲ့ပါသည်။   အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကား ပြေကြားပြီး မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးမှ  တိုင်းဒေသကြီး အတွင်းဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှုများနှင့်ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာန၏ ဆောင်ရွက်ချက်များ ၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ တိုင်းဒေသကြီးအတွင်း သက်ငယ်မုဒိမ်းဖြစ်ပွားမှု အခြေအနေများ၊ အရေးယူ ဆောင်ရွက်မှု အခြေအနေများ ၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းအခြေအနေများ ၊ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူးမှ သက်ငယ်မုဒိမ်းမှုများနှင့် ပတ်သက်၍
နေပြည်တော်၊ ဇွန်လ(၆)    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမ၌ ဇွန်လ(၆)ရက်နေ့၊ နေ့လည်(၁၅း၃၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား  UN Women အဖွဲ့အစည်းမှ Regional director ဖြစ်သူ Ms. Miwa Kato ဦးဆောင်သောအဖွဲ့ဝင်များမှ လာရောက်တွေ့ဆုံခဲ့ပါသည်။         ထိုသို့တွေ့ဆုံရာ၌ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန် ( ၂၀၁၃-၂၀၂၂) National Strategic Plan for Advancement of Women (2013-2022) (NSPAW) အကောင်အထည်ဖော်ဆောင်ရွက်ရေးတွင် ပါဝင်ဆောင်ရွက်နေမှှုများ၊ ရခိုင်ပြည်နယ် အတွင်းရှိ အမျိုးသမီးများ၏ စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းမှှုဆိုင်ရာ  ကဏ္ဍတိုးတက်ရေး အတွက်လိုအပ်သည်များကို ကူညီပံ့ပိုးပေးနေသည့်အခြေအနေများ၊ အမျိုးသမီးများ၏ ငြိမ်းချမ်း ရေးနှင့်လုံခြုံရေးကိစ္စရပ်များအပေါ် National Strategic Plan for Advancement of Women (2013-2022) (NSPAW) အကောင်အထည်ဖော်မှှုကိစ္စများ၊ Gender Responsive Budget နှင့်ပတ်သက်၍ အာဆီယံနိုင်ငံများအတွင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊  အမျိုးသမီးများအကြမ်းဖက်မှှုကာကွယ်ရေးဥပဒေ အကောင်အထည်ဖော်ဆောင်ရွက်နေမှှုများ တွင်ကူညီဆောင်ရွက်နေမှှုများကိုလည်းကောင်း၊ အိမ်အကူလုပ်သားများနှင့်သက်ဆိုင်သည့် လေ့လာတွေ့ရှိချက်များကို ရှင်းလင်းတင်ပြမည့်အစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်ရေး  ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။
နေပြည်တော်၊ ဇွန်လ(၅)    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ ဇွန်လ(၅)ရက်နေ့၊ မွန်းလွဲ(၁း၃၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကျား/မရေးရာ တန်းတူညီမျှရေးကွန်ရက်(Gender Equality Network ) အဖွဲ့အစည်းမှ  ဒါရိုက်တာ ဒေါ်မေစပယ်ဖြူနှင့် ကွန်ရက်၏ ဦးဆောင်ကော်မတီဝင်များမှ လာရောက်တွေ့ ဆုံခဲ့ပါသည်။                 ထိုသို့တွေ့ဆုံရာ၌ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျား/မ တန်းတူညီမျှရေး နှင့် ပတ်သက်၍လုပ်ဆောင်ပြီးစီးမှုများကို အစီရင်ခံတင်ပြခဲ့ပြီး ရှေ့ဆက်လုပ်ကိုင်ရန် ရည်မှန်း ထားသည်များနှင့်ပတ်သက်၍ လမ်းညွှန်မှှုတောင်းခံခဲ့ပါသည်။ ဆွေးနွေးတင်ပြသည့် အကြောင်း အရာများမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှှုအခြေအနေနှင့်ပတ်သက်၍ သုတေသန အချက်အလက်များကောက်ယူရန်လိုအပ်ကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း( ၂၀၁၃-၂၀၂၂) အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် လိုအပ် သည့်အချက်အလက်များ ကောက်ယူခြင်းနှင့် ညှိနှှိုင်းအကောင်အထည်ဖော်နိုင်မည့် နည်းလမ်း များအပြင်
ပြင်ဦးလွင်၊ ၄-၆-၂၀၁၇  ။ ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်များကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိပြီး ပြည်သူလူထု ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်စောင့်ရှောက်နိုင်မည့်လုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၏ မိတ်ဖက်အဖွဲ့အစည်တစ်ခုဖြစ်သော မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ချုပ်၏ ပြည်နယ်နှင့် တိုင်းအဆင့်ဆင့်ရှိ လုပ်ငန်းကော်မတီဝင်များ ညီလာခံကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် ယနေ့ ကျင်းပပါသည်။ အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတက်ရောက် အမှာစကားပြောကြားရာတွင်
နေပြည်တော်၊ ၂.၆.၂၀၁၇။ (၂.၆.၂ဝ၁၇)ရက်နေ့ နံနက်(၁ဝးဝဝ)နာရီအချိန်အတွင် UNDP အဖွဲ့မှ Planning and Budgeting Expert   ဖြစ်သူ  Mr. Juan Bester  နှင့် ကိုယ်စားလှယ် (၁)ဦးပါဝင်သော အဖွဲ့သည် လူမှုဝန်ထမ်းဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များနှင့်အညီ လူမှုဝန်ထမ်းဦးစီးဌာနမှ ရှေ့ဆက်လက်ဆောင်ရွက်မည့် ကလေးသူငယ်၊ အမျိုးသမီး၊ မသန်စွမ်း၊သက်ကြီးရွယ်အိုတို့အတွက် ကာကွယ် စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအား လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
နေပြည်တော်၊ ၂.၆.၂၀၁၇။ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာကို အကောင်အထည်ဖော် ဆောင်ရွက် နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ပြည်သူလူထု လူမှုစီးပွားဖွံဖြိုးတိုးတက်ရေးအတွက် ရေရှည်တည်တံ့သော လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများကို အသုံးပြုကာ ဥပဒေပြုမဏ္ဍိုင်ဖြစ်သော လွှတ်တော်က ပြည်သူ့ကိုယ်စားလှယ်များမှတဆင့် ဥပဒေပြဌာန်းခြင်း၊ ရန်ပုံငွေစိစစ်ခြင်းဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၇ခုနှစ်၊ ဇွန်လ (၂)ရက်နေ့တွင် လွှတ်တော်ဝန်းအတွင်းရှိ သဘင်ဆောင်၌ အမျိုးသားအဆင့် လူမှု ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ လုပ်ငန်းများကို လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဆင့်မြင့် အရာ ရှိကြီးများထံသို့ ရှင်းလင်း တင်ပြဆွေးနွေးခဲ့ပါသည်။ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က တက်ရောက်အမှာစကား ပြောကြားရာ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်တွင်
နေပြည်တော်၊ ၁-၆-၂၀၁၇         ၁၉၉၇ခုနှစ်တွင် မြန်မာနိုင်ငံမှ အတည်ပြုလက်မှတ်ရေးထိုးထားသော အမျိုးသမီးများ အား နည်းမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှုပပျောက်ရေးသဘောတူစာချုပ်(CEDAW)၏ အခြေခံ သဘောတရားများနှင့် ၁၉၉၅ခုနှစ်တွင်ချမှတ်ခဲ့သည့် ဘေဂျင်းလုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော်နိုင်ရန် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း(၂၀၁၃-၂၀၂၂) (NSPAW)ကို ၂၀၁၃ ခုနှစ်တွင်ထုတ်ပြန်နိုင်ခဲ့ပါသည်။ မဟာဗျူဟာ စီမံကိန်းရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်ဖေါ်ဆောင်နိုင်မှု အားနည်းခဲ့ရပါသည်။ ယခုအခါတွင် အဆိုပါ မဟာဗျူဟာစီမံချက်ကို အကောင်အထည် ဖော်နိုင်ရေးအတွက် ဗြိတိန်နိုင်ငံမှ လူမှုဝန်ထမ်းဦးစီးဌာနသို့ အကြံပေးအဖြစ် တာဝန်ပေးအပ် ထားသူ Ms.Deborah Livingstone သည် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အားအဆိုပါ ဝန်ကြီးရုံး မေခလာ ခန်းမတွင် ယနေ့(၁၄း၀၀)နာရီအချိန်တွင် လာရောက်တွေ့ဆုံခဲ့ပါသည်။         ယင်းသို့တွေ့ဆုံရာတွင် Ms.Deborah Livingstone က အမျိုးသမီးစွမ်းပကား မြှင့်တင် ရေးနှင့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး၊