ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံး၊ ၂၀.၆.၂၀၁၇           လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံံခရိုင်လူမှုဝန်ထမ်းရုံးနှင့် world vision (တာချီလိတ်) တို့ပူး ပေါင်း၍ တာချီလိတ်မြို့အတွင်းရှိ  ရပ်ရွာအခြေပြု မူကြိုကျောင်းများအတွက်  မူကြိုကစားစရာပစ္စည်း သင်ထောက်ကူများ လက်တွေ့ပြုလုပ်ခြင်း၊ ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို (၂၀.၆.၂၀၁၇ မှ ၂၂.၆.၂၀၁၇) ထိ တာချီလိတ်မြို့ ရန်ကုန်ရွာတွင် ကျင်းပ ရာ ကျေးရွာ(၁)ရွာလျင် မူကြိုဆရာမ (၁)ဦးနှင့် မူကြိုကော်မတီဝင် (၃)ဦီး စုစုပေါင်း (၄)ဦး ဖြင့် ကျေးရွာပေါင်း(၁၃)ရွာမှ စုစုပေါင်း (၅၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ဒုတိယ၊တတိယ ဆုရရှိသည့် ကျေးရွာများကို ဆုများချီးမြင့်သွားမည်ဖြစ်ပါသည်။
နေပြည်တော်၊ ၁၉-၆-၂၀၁၇         မြန်မာနိုင်ငံလူငယ်မူဝါဒ ရေးဆွဲရေးဆိုင်ရာကော်မတီက ရေးဆွဲခဲ့သော မူဝါဒအကြမ်း ပေါ်ပေါက်ရေး လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ Hotel Max ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။         ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံလူငယ်ထု ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းရည်မြှင့်တင်ရေးနှင့် ပါဝင်နိုင်မှုကဏ္ဍ တိုးမြှင့်ရေးအတွက် လူငယ်မူဝါဒအမြန်ဆုံးပေါ်ထွက်ရန် လိုအပ်ပါကြောင်း၊ မူဝါဒရေးဆွဲရာတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ ကြုံတွေ့ရမည်ဖြစ်သော်လည်း လူငယ်များ အပါအဝင် အားလုံးဒေသအဖွဲ့ဝင်များ စည်းလုံးညီညွတ်စွာဖြင့်အတူအကွ
ရှမ်းပြည်နယ်(အရှေ့)၊ တာချီလိတ်၊ ၁၉.၆.၂၀၁၇           တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ပြုလုပ်သည့်အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နယ်လှည့်စာကြည့်တိုက် နံရံစာစောင်ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကို (၁၉.၆.၂၀၁၇)ရက်နေ့တွင် အ.ထ.က (တာချီလိတ်)တွင် ကျင်းပရာ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ တာချီလိတ် ပြန်လည် ထူထောင်ရေးစခန်း မှဦးသိန်းဝင်း စခန်းမန်နေဂျာက မူးယစ်ဆေးဖြတ်ပြီးသူများအား စိတ်ပိုင်းရုပ်ပိုင်း ပြန်လည်ထူထောင်ပေး ရေးလုပ်ငန်းစဉ်အကြောင်းရှင်းလင်းဟောပြောခြင်း ရပ်ရွာနှင့်စခန်း အခြေပြု ပြန်လည်ထူထောင်ရေး လှုပ်ရှားမှုများအား မှတ်တမ်းဓာတ်ပုံ ပါဝင်ပြသခြင်းများဆောင်ရွက်ခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ၁၉.၆.၂၀၁၇ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နေ့ကလေးထိန်း ကျောင်းများနှင့် မူလတန်းကြိုကျောင်းများ မဖွင့်လှစ်နိုင်သော မြို့နယ်၊ ကျေးရွာများတွင် ရှေးဦးအရွယ် ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးမှုရရှိစေရန် မိခင်ဝိုင်းများ ဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိရာ ပုသိမ်ကြီးမြို့နယ်၊ အောင်မြေသာဇံမြို့နယ်၊ မလှိုင်မြို့နယ်နှင့် အမရပူရမြို့နယ်များ၌ ဖွင့်လှစ်ဆောင်ရွက်ထားသော မိခင်ဝိုင်း (၁၁) ဝိုင်းအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးမည့်ကိစ္စရပ်အား မိခင်ဝိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံကာ ထောက်ပံ့ကြေးကိစ္စရပ်များ ရှင်းလင်းခြင်းနှင့် လုပ်ငန်းညှိအစည်းအဝေးအား (၁၉.၆.၂၀၁၇) ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး လူမှုဝန်ထမ်းရုံး၌ ကျင်းပခဲ့ပါသည်။
ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံး၊ ၁၉.၆.၂၀၁၇           လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံးလက်အောက်ရှိ ကျိုင်းတုံမူလတန်းကြိုကျောင်း၊  ကလေးပြုစုရေး၊ ပြန်လည်ထူထောင်ရေးစခန်း၊ အမျိုးသမီးသက်မွေးအတက်ပညာသင်ကျောင်းတို့တွင် ပြစုစောင့်ရှောက်ထားသော ရင်သွေးငယ်များ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် (၁၈.၆.၂၀၁၇)ရက်နေ့တွင် ပြည်သူ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ခြင်ဆေးဖြန်းခြင်းလုပ်ငန်းအားဆောင်ရွက်ခဲ့ပါသည်။
ကျိုင်းတုံ၊ ၁၆.၆.၂၀၁၇       ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်(၉)မြို့နယ်တွင် (၁၅.၆.၂၀၁၇)ရက်နေ့ ၌ အသက်(၉၀) နှစ်အထက် အဘိုး/အဘွားများအား လူမှုရေးပင်စင်ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံလူမှုဝန်ထမ်းရုံးလက်အောက်ရှိ ဌာနငယ်၊ သင်တန်းကျောင်း၊ မူကြိုကျောင်းတာဝန်ခံများက လူမှုရေးပင်စင်ပေးအပ်ရခြင်း အကြောင်းများရှင်းလင်းပြောကြားကာ လူမှုရေးပင်စင်ထောက်ပံ့ငွေများအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ၁၆.၆.၂၀၁၇                 မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ တိုင်းဒေသကြီးဦးစီးမှူးမှ ချမ်းမြသာစည်မြို့နယ်၊ အောင်မြေ သာစံမြို့နယ်၊ အမရပူရမြို့နယ်တို့တွင် အသက်(၉၅)အရွယ်ရှိ အဘိုး/အဘွားများ၏နေအိမ်များသို့ ကိုယ်တိုင်သွားရောက် ၍ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
  (၁၆.၆.၂၀၁၇) ရက်နေ့ မော်လမြိုင်မြို့ ၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ် တွင် မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန နှင့် UNFPA , FXB တို့ ပူးပေါင်းပြီး ကျား / မ အခြေပြု အကြမ်းဖက်ခြင်း ဆန်းစစ်မှု အစီရင်ခံစာ တင်ပြခြင်း နှင့် ဆွေးနွေးညှိနှိုင်း အစည်းအဝေး ကျင်းပပြုုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းမှ အဖွင့်အမှာစကား ပြောကြားပြီး ၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဦးကိုကိုနိုင် မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပါသည်။ ထို့နောက် UNFPA မှ Programe Analyst ဒေါက်တာ စုမွန်လတ် မှ အစီရင်ခံစာအား ဖတ်ကြားရှင်းလင်းပါသည်။ ထို့နောက် မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးပြီး အစီရင်ခံစာအရ UNFPA ၏ အကြံပြုချက်အပေါ် အုပ်စုလိုက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန ( ရုံးချုပ် ) အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ညွှန်ကြားရေးမှူးး ဒေါ နော်သဝါးမှ NSPAW အကြောင်း ၊ UNFPA မှ Ms.Janneke Bienert  က Women and Girls First Initiative အကြောင်း ရှင်းလင်းပြောကြားခဲ့ုပုါသည်။ ထို့နောက် တက်ရောက်လာကြသူများမှ အုပ်စုလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ ( ၄း၃၀) နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ၊ UN, INGOs , NGos အဖွဲ့အစည်းများ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ မော်လမြိုင်မြို့ပေါ် ရှိ ရပ်ကွက်အုပ်ချုုပရေးမှူး များ စုစုပေါင်း အင်အား ( ၆၅ ) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ၁၆.၆.၁၇         မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား (၁၆.၆.၂၀၁၇) ရက်နေ့တွင် တိုင်းလူမှုဝန်ထမ်းဦးစီးမှူးရုံး၌ ကျင်းပခဲ့ပြီး တိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ဝန်ကြီး ဦးမျိုးသစ် နှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။       အဆိုပါအစည်းအဝေး၌ ဇူလိုင်လ(၃)ရက်နေ့တွင် ကျင်းပမည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။