နေပြည်တော်၊ ၂၂.၆.၂၀၁၇              ၂၀-၆-၂၀၁၇ ရက်နေ့တွင် ကချင်ပြည်နယ်လူမှုဝန်ထမ်းရုံး၌ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူ းနှင့် Trocaire မှ Country Director တို့တွေ့ဆုံလျက် IDP Camp များတွင် လက်ရှိဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ကြပါသည်။
နေပြည်တော်၊ ၂၂.၆.၂၀၁၇        ၂၀၁၇ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှူနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအကြောင်းအသိ ပညာပေးဆွေးနွေးပွဲကို(၂၀.၆.၂၀၁၇)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ပျဉ်းမနားမြို့၊  ရွာကောက်ရပ်ကွက် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်တိုင်း လူမူဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးနှင့်လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဦး ဦးဆောင်သောအဖွဲ့သည် ရပ်ကွက်နေပြည်သူ(၇၁)ဦးတို့အား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
နေပြည်တော်၊ ၂၁.၆.၂၀၁၇     (၂၁.၆.၂၀၁၇) ရက်နေ့ ၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးနှင့် Voluntary Service Overseas(VSO) အဖွဲ့မှ Edcation Program Manager ဖြစ်သူ Mr. Roger Benjamin တို့ သည်တွေ့ဆုံ၍ ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေး၊  အမျိုးသမီးများနှင့် မသန်စွမ်းသူများ၏ စွမ်းရည် မြှင့်တင်ပေးရေးနှင့် Research and Development Center တို့အတွက် နည်းပညာ ကျွမ်းကျင်သူ(၂)ဦးနှင့် သုတေသန(၁)ဦးထားရှိ ဆောင်ရွက်ရေးတို့အတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ၂၁.၆.၂၀၁၇  ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် ဧပြီ၊မေ၊ဇွန်လများအတွက် အသက် (၉၀)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေပေးအပ်ခြင်း အခမ်းအနားအား (၁၅.၆.၂၀၁၇)ရက်နေ့တွင် ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင် မှအဖွင့်အမှာ စကားပြောကြားပြီး ဗဟန်းမြို့နယ်အတွင်းရှိ အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွား (၁၂၅)ဦးအတွက် ထောက်ပံ့ကြေးများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ထို့နောက် ဗဟန်းမြို့နယ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာသို့ ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်နှင့် အဖွဲ့မှ သွားရောက်၍ ဘိုးဘွား(၂၄)ဦးတို့ အား ထောက်ပံ့ကြေးငွေပေးအပ် ခဲ့ပါသည်။ (၁၆.၆.၂၀၁၇)ရက်နေ့ တွင် တာမွေမြို့နယ်ရှိ အသက်(၉၄)နှစ် အဘွားဒေါ်နှင်းရင်၊ စမ်းချောင်းမြို့နယ်ရှိ အသက်(၉၇)နှစ် အဘိုးဦး ကျော်စိန်၊ ကမာရွတ်မြို့နယ်ရှိ အသက်(၉၃)နှစ် အဘွားဒေါ်ခင်စန်းလွင်တို့အား ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်နှင့်အဖွဲ့သည် အိမ်တိုင်ရာရောက် လူမှုရေးပင်စင် ထောက်ပံ့ကြေးများသွား ရောက်ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍
(၂၁-၆-၂၀၁၇) ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (UN Resident and Humanitarian Coordinator a.i) ဖြစ်သူ Mr. Giuseppe de Vinteritiis ဦးဆောင်သောအဖွဲ့က ယနေ့နံနက် (၉)နာရီအချိန်တွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ကုလသမဂ္ဂနိုင်ငံလုံးဆိုင်ရာလူသားချင်းစာနာမှုအဖွဲ့ (UNHCT- United Nations Humanitarian Country Team)အနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း မိုရာ ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့၌ (၁၅-၆-၂၀၁၇)နေ့က အစည်းအဝေး ကျင်းပမှု အခြေအနေကို ရှင်းလင်းတင်ပြပြီး ရခိုင်ပြည်နယ်တွင် ထိခိုက်ပျက်စီးခဲ့သော လူနေအိမ်များ၊ ကျောင်း၊ ဆေးရုံ၊ အဆောက်အဦများ၊ ကယ်ဆယ်ရေးစခန်းများရှိ နေရပ်စွန့်ခွာနေထိုင် သူများ နေထိုင်ရာ အဆောက်အဦများကို အစိုးရက အလျန်အမြန်ထောက်ပံ့ ဆောင်ရွက် နေမှုအတွက် ဝမ်းမြောက်ပါကြောင်း၊ ထပ်မံလိုအပ်မှုများအတွက် ကူညီဆောင်ရွက်လိုပါ ကြောင်း ပြောကြားပါသည်။ ထို့နောက် ပူးပေါင်းကူညီဆောင်ရွက်နိုင်မည့် နည်းလမ်းများ ဖော်ထုတ်၍ အမြန် အကောင်အထည် ဖော်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ ပါသည်။
နေပြည်တော်၊ ၁၆.၆.၂၀၁၇ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ထောက်ပံ့မှုဖြင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း ကျင်းပသော ဆံပင်ညှပ်ဖြောင့်ကောက်နှင့်ဆံထုံးမိတ်ကပ်အလှပြင်သင်တန်းဆင်းပွဲကို ၁၆.၆.၂၀၁၇ ရက်နေ့တွင် ဝိုင်းမော်မြို့မိုင်းနား RC Camp ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုရေးဝန်ကြီး Dr.သင်းလွင်က အဖွင့်အမှာစကားပြောကြားပါသည်။ သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး Dr.ဂျေကော့ဘူ က ဆုရသင်တန်းသူများကို ဆုချီးမြှင့်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဌ၏ဇနီးက သင်ထောက်ကူပစ္စည်းများကို ပေးအပ်ကာ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးကသင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ရခိုင်ပြည်နယ်၊ ၂၁.၆.၂၀၁၇ (၂၆.၆.၂၀၁၇) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအကြောင်း အသိပညာပေး ဟောပြောပွဲကို ရခိုင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးရဲတပ်ဖွဲ့ တို့ ပူးပေါင်း၍ (၂၀.၆.၂၀၁၇) ရက်နေ့တွင် အ.ထ.က (၁)၊စစ်တွေမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ၂၁.၆.၂၀၁၇ တနင်္သာရီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံး၏ တာဝန်ရှိသူများမှ ဦးဆေင်၍ (၂၆.၆.၂၀၁၇)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုလှုပ်ရှားမှု အသိပညာပေးဟော‌ပြောပွဲကို (၂၁.၆.၂၀၁၇)ရက်နေ့တွင် ထားဝယ်မြို့ အ.ထ.က(၁) ကျောင်း၌ ကျောင်းသား/ကျောင်းသူ (၅၀၀)ဦး အား အသိပညာပေးဟော‌ပြောပွဲ ပြုလုပ်ပေးခဲ့ပါသည်။
နေပြည်တော်၊ ၂၀-၆-၂၀၁၇ (၁၉.၆.၂၀၁၇) ရက်နေ့၊ မွန်းလွဲ(၁၄း၀၀)နာရီတွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားသော World Vision International(Myanmar)အဖွဲ့၏ စီမံချက်လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခြင်းအလုပ်ရုံဆွေးနွေးပွဲအား ကျင်းပ ခဲ့ရာ အလုပ်ရုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခေတ်တညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ စန်းစန်းအေး ၊ ွျှorld Vision International (Myanmar)မှ Country Director, Mr. Suresh Bartlett နှင့်စီမံကိန်းအရာရှိများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ွျှorld Vision International (Myanmar)အဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ လူကုန်ကူးမှုကာကွယ်ရေးလုပ်ငန်းနှင့်များ၊ အရေးပေါ်အြခေအနေတုံ့ပြန် ဆောင်ရွက်ခြင်းလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန်ဆွေးနွေး ခဲ့ကြပါသည်။
ရခိုင်ပြည်နယ်၊ ၂၀.၆.၂၀၁၇ ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့နယ် ၊ အမှတ်(၄) ရပ်ကွက် (အဘ) ဦးလူနီ ၊ (အမိ) ဒေါ်အေးအေးခိုင်၏ သား မောင်ဝေယံအောင်သည် ငယ်စဉ်က ပိုလီယိုရောဂါဖြင့် မသန်စွမ်းဖြစ်ခဲ့မှုြကောင့် ၎င်းင်းကိုယ်တိုင် လှုပ်ရှားသွားလာနိုင်ရန်အတွက် လှုမှုဝန်ထမ်းဦးစီးဌာန ၊ ရခိုင်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ (၂၀.၆.၂၀၁၇) ရက်နေ့တွင် မိခင်ဖြစ်သူ ဒေါ်အေးအေးခိုင်အား Wheel Chair (၁)စီး ထောက်ပံ့ပေးခဲ့ ပါသည်။