မကွေးတိုင်းဒေသကြီး၊ ၁၅.၆.၂၀၁၇ မကွေးတိုင်းဒေသကြီး အတွင်းရှိ အသက်(၉၀)အထက် ဘိုးဘွားများအား ၂၀၁၇ခုနှစ်၊ (ဧပြီ၊ မေ ၊ ဇွန်) ၃လစာအတွက် တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ကျပ်၊၃၀၀၀၀/-(ကျပ်သုံးသောင်း)အားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်/ကျေးအစည်းအဝေးတွင် လွဲှပြောင်းပေးအပ်ပြီး မြို့ပေါ်ရပ်ကွက်များမှ ဘိုးဘွားများအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ အိမ်တိုင်ယာရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၊ ၁၅.၆.၂၀၁၇ ၂၀၁၇ခုနှစ်ဇွန်လ၁၅ရက်နေ့နံနက်ပိုင်းမှစတင်၍လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်ဖြစ်သည့်အသက် ၉၀ နှစ်အထက်အဘိုးအဖွားများကို လူမူရေးပင်စင်ပေးအပ်ခြင်းကိုဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဗမာတိုင်းရင်းသားရေးရာဝန်ကြီးဒေါက်တာအောင်သန်းမောင်နှင့် ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းဦး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင် နှင့် တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။         ၂၀၁၇ခုနှစ်ဇွန်လ၁၅ရက်နေ့နေလည်(၁၁း၃၀)နာရီတွင် ်စတင်၍ လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်ဖြစ်သည့် အသက် ၉၀ နှစ်အထက် အဘိုး အဖွား များကိုလူမူရေးပင်စင် ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ရာ လင်းခေး မြို့နယ် အုပ်ချုပ်ရေးမှူး   ဦးအောင်သူ၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ကျဝန်ထမ်း နှင့် တာဝန်ရှိသူများမှအိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
နေပြည်တော်၊ ၁၅.၆.၂၀၁၇               (၁၅.၆.၂၀၁၇) ရက်နေ့၊ နံနက်(၁၁း၀၀) နာရီအချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးသည် Dan Church Aid Myanmar (DCA) အဖွဲ့မှ Country Director ဖြစ်သူ Mr. Andreas Kiaby နှင့် တွေ့ဆုံ၍ ရှမ်းပြည်နယ်ရှိ (၁၄)မြို့နယ်၌ မြေမြှုပ်မိုင်းများနှင့် စစ်ကျန်ပေါက်ကွဲပစ္စည်းများ၏ ခြိမ်းခြောက်မှု အန္တရာယ် လျှော့ချရေးစီမံချက်နှင့် မြန်မာနိုင်ငံအတွင်းရှိ ရပ်ရွာလူထုနှင့် လူထုအခြေပြု အဖွဲ့အစည်း များအကြား နိုင်ငံသားအခွင့်အရေးနှင့် စားနပ်ရိက္ခာဖူလုံရေးလုပ်ငန်းဆောင်ရွက်မှုများ အသိ ပညာပေးလုပ်ငန်းများ ပိုမိုတိုးတက်စေရေးစီမံချက်အား ထပ်မံတိုးချဲ့ပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွာ ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
နေပြည်တော်၊ ၁၅-၆-၂၀၁၇         လူတိုင်းအခြေခံလူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်အညီ ဖြစ်စေရေး၊ လူ့ဂုဏ် သိက္ခာနှင့်ပြည့်စုံသော လူမှုအသိုက်အဝန်းတစ်ရပ်ပေါ်ပေါက်လာစေရေးအတွက် လုပ်ငန်းစဉ် (၈)ရပ် ပါဝင်သည့် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးကို အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ရေးဆွဲ၍ ပြည်သူများ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်လျက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လျက်ရှိပါသည်။         လုပ်ငန်းစဉ်(၈)ရပ်အနက် (၁)ရပ်ဖြစ်သည့် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့မှုအစီအစဉ်ကို သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေနှင့်အညီ အသက်အရွယ်အပိုင်းအခြား အလိုက် ထောက်ပံ့နိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်မှစတင်ကာ တစ်နိုင်ငံလုံးရှိ အသက် (၉၀)နှစ်နှင့်အထက် ဘိုးဘွားများအား တစ်ဦးလျှင် လစဉ် ကျပ်(၁)သောင်းနှုန်း ထောက်ပံ့သွားမည်ဖြစ်ပြီး ကနဦးအနေဖြင့် ဧပြီ၊ မေ၊ ဇွန်လများအတွက် တစ်ဦးလျှင် ကျပ်(၃)သောင်း တိတိကို ဇွန်လ(၁၅)ရက်နေ့မှ (၃၀)ရက်နေ့ အတွင်း အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ပါသည်။
နေပြည်တော်၊ ၁၅.၆.၂၀၁၇        ၁၅.၆.၂၀၁၇ ရက်နေ့ နံနက်ပိုင်းတွင် သင်္ဂဟဟိုတယ်၌ RainFall Gender Study Organization နှင့် လူမှုဝန်ထမ်းဦးစီးဌာန တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် "ဥပဒေ ပြုရေးနှင့် မူဝါဒရေးဆွဲရေး လုပ်ငန်းစဉ်တွင် ဒေသခံ အမျိုးသမီးများ၏ အသံများကို ထည့်သွင်းစဉ်းစားစေရန် စကားဝိုင်းဆွေးနွေးပွဲ" တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး တို့က အမျိုးသမီးများ ရိုက်ကူးထားသော အမျိုးသမီးအခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသမီး အကြမ်းဖက်မှုများနှင့် စပ်လျဉ်းသည့် မှတ်တမ်းဗွီဒီယိုများကို တင်ပြကြည့်ရှုပြီး လိုအပ်သည့် မူဝါဒများ၊ လမ်းညွှန်မှုများ ပြုလုပ်ရန် ရည်ရွယ်ပြီး ကျင်းပသော ညှိနှိုင်းဆွေးနွေးပွဲဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေကို ရေးဆွဲထားရှိရာမှာ လွှတ်တော်မှ အတည်ပြုချက်ရရှိပါက ဥပဒေပြဌာန်းနိုင်းရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် RainFall Gender Study Organization Director ဒေါ်ရွှန်းလဲ့မှလည်း အဖွဲ့၏ ရည်ရွယ်ချက်များကို တင်ပြဆွေးနွေးပြီး အစည်းအဝေးတက်ရောက်လာသူများနှင့် စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ၁၃.၆.၂၀၁၇           လူမှုဝန်ထန်းဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနတို့ပူးပေါင်း၍ Y-8 လေယာဉ်ပျက်ကျရာတွင် သေဆုံးသူများ၏ရုပ်လောင်းများကို ရှာဖွေကယ်ဆယ်ဆောင်ရွက်နေသော အရပ်ဖက် လူမှုရေးအဖွဲ့အစည်းများ၊ တပ်ရင်းတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အဖွဲ့အစည်းများ နှင့် ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း(၅၀၀)ဦး နှင့်ရုပ်လောင်းများ မီးသဂြိုလ်ပေးသူ (၆၀)ဦး တို့အား နေ့လည်စာအဖြစ် ကြက်ဆီထမင်း၊ အအေးဗူး နှင့်ရေသန့်ဗူးများ သွားရောက်လှူဒါန်းခဲ့ပါကြောင်းသတင်းရရှိပါသည်။
ကရင်ပြည်နယ်၊ ၁၂.၆.၂၀၁၇ ကရင်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် (၇)မြို့နယ်အတွင်းရှိ အရပ်ဘက်လူမှု့အဖွဲ့အစည်းများမှ စေတနာ့ဝန်ထမ်း လူငယ်(၄၀)ဦးတို့အား ခေါ်ယူကာ ကရင်ပြည်နယ်အတွင်းရှိ လူငယ်များအကြားတွင် ဒေသအတွင်း မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်၍ သိရှိပြီး ရှောင်ရှားနိုင်စေရန်နှင့် သုံးစွဲသူများအား မူးယစ်ဆေးဝါးဆိုးကျိုးများ၏ အန္တရာယ် အားသိရှိပြီး ဆေးဖြတ်ကုသသခြင်းနှင့် ပြန်လည်ထူထောင်ရေးများကို ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ (၁၂.၆.၂၀၁၇) ရက်နေ့မှ (၁၇.၆.၂၀၁၇)ရက်နေ့အထိ ဖွင့်လှစ်သော လူငယ်ထုအတွင်း မူးယစ်ဆေးဝါး အန္တရာယ် အသိပညာ ပေးရေးသင်တန်းနှင့် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်းအား ကရင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမှ အဖွင့် အမှာစကားပြောကြားကာ အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်းပြီး မူးယစ်ဆေးစွဲနှင့် စိတ်ရောဂါ အထူးကုဆရာဝန်ကြီး(ငြိမ်း) ဒေါက်တာဂျော်ထက်ဒိုးမှ ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းဖွင့် ဆောင်ရွက်လျက် ရှိပါသည်။
ရပ်ရွာအခြေပြု မူလတန်းကြိုကျေကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံး၊ ၁၂-၆-၂၀၁၇၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံးမှ ဖွင့်လှစ်သည့် တာချီလိတ်မြို့အတွင်းရှိ ရပ်ရွာအခြေပြု မူလတန်းကြိုကျောင်းများမှ မူကြိုကြီးကြပ်မှု ကော်မတီဝင်များအတွက် စီမံခန့်ခွဲမှု ဆိုင်ရာသင်တန်းကို တာချီလိတ်မြို့၊ ရန်ကုန်ရွာတွင် ကော်မတီဝင်(၃၅)ဦး ဖြင့် (၁၂-၆-၁၇)မှ (၁၃-၆-၁၇)အထိ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ာင်းများမှ မူကြိုကြီးကြပ်မှု ကော်မတီဝင်များအတွက် စီမံခန့်ခွဲမှု ဆိုင်ရာသင်တန်း
ချင်းပြည်နယ်၊ ၁၀-၆-၂၀၁၇ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၏ ချင်းပြည်နယ် ခရီးစဉ်တွင် ၁၀-၆-၂၀၁၇ ရက်နေ့တွင် ဖလမ်းခရိုင်၊ တီးတိန်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။
ချင်းပြည်နယ်၊ ၉-၆-၂၀၁၇        ချင်းပြည်နယ်၊ ဟားခါးမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ (နေပြည်တော်) ဦးဆောင်မှုဖြင့် ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေးရေး အစီအစဉ် ပထမအကြိမ် ပြည်နယ်အစီအစဉ် ပေါင်းစပ်ညှိုနှိုင်းရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၉.၆.၂၀၁၇) ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးဇိုဘွဲ့အပါအဝင်၊ လွှတ်တော် ဒု-ဥက္ကဌ၊ ပြည်နယ် လူမှုရေးရာဝန်ကြီး၊ ပြည်နယ် ဘဏ္ဍာရေးနှင့် စီမံကိန်း ဝန်ကြီး၊ ပြည်နယ် စီမံကိန်းရေးဆွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး၊ ချင်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်လွှတ်တော် ညွှန်ကြားရေးမှူး၊ ချင်းပြည်နယ် မြို့နယ်အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှ ကိုယ်စားလှယ်၊ UNICEF မှ ပြည်နယ် တာဝန်ခံနှင့် ပြည်နယ်ပေါင်းစပ်ညှိုနှိုင်းရေးမှူး (ချင်းပြည်နယ်) တို့ တက်ရောက်ခဲ့ကြပါသည်။