နေပြည်တော်၊ စက်တင်ဘာ ၁၄ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများ ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း ဝန်ကြီးဌာနက မူဝါဒနှင့်ဥပဒေများ ရေးဆွဲရာတွင်လည်းကောင်း၊ စီမံ ချက်များ ရေတို၊ရေရှည် စီမံကိန်းများရေးဆွဲရာတွင်လည်းကောင်း ပြည်သူလူထုအတွက် ပိုမိုထိရောက်စွာ အကျိုးပြုနိုင်စေရန် အထောက်အထားအခြေပြု သုတေသနရလဒ်များ ရရှိရန်လိုအပ်ပါသည်။

နေပြည်တော်၊ စက်တင်ဘာလ ၁၉  -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမ၌ စက်တင်ဘာလ (၁၆) ရက်နေ့၊ မွန်းလွဲ(၃း၃၀)နာရီ အချိန်တွင် ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား Asian Development Bank(ADB)အဖွဲ့ အစည်းမှ  လုပ်ငန်းမန်နေဂျာ ဖြစ်သူ Mr. Arghya Sinha Roy ဦးဆောင်သော အဖွဲ့ဝင်များလာရောက် တွေ့ဆုံခဲ့ ပါသည်။

ကရင်ပြည်နယ်၊ ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက် -

      လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၆ခုနှစ် ၊ စက်တင်ဘာ လ(၂၀)ရက်နေ့တွင် နေပြည်တော်မှ မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ နေ့လည်ပိုင်းတွင် ဘားအံမြို့သို့ရောက်ရှိပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို ကရင်ပြည်နယ်ဝန်ကြီး ချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် တာဝန်ရှိသူများက ပြည်နယ်ပြည်ထောင်စုရိပ်သာတွင် ကြိုဆိုကြပါသည်။

နေပြည်တော်၊ စက်တင်ဘာ (၂၁) -

      မြန်မာနိုင်ငံအစိုးရ အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း၌ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် ယူနီဆက်(မြန်မာ)တို့အကြား ပူးပေါင်းဆောင်ရွက်မည့် ကိစ္စနှင့်ပတ်သက်၍ ကြိုဆိုပါကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် ယူနီဆက်(မြန်မာ)တို့၏ ထောက်ပံ့ကူညီမှုသည် အကြမ်းဖက်မှု၊ အလွဲသုံးမှုနှင့် အမြတ်ထုတ်ခံရမှုများမှ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် များစွာ အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း၊ ယခု သဘောတူညီချက်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနသာမက ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့၏ ကလေးသူငယ်ကာကွယ် စောင့််ရှောက်ရေးဆိုင်ရာ လုပ်ငန်းများအပေါ်တွင်လည်း များစွာ အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးနှင့် ယူနီဆက်(မြန်မာ) တို့အကြား ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက  ပြောကြားခဲ့ပါသည်။

နေပြည်တော်၊ စက်တင်ဘာ (၂၂)ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ မေခလာ ခန်းမ၌ စက်တင်ဘာလ (၂၂)ရက်နေ့ နံနက်(၉း၀၀)နာရီ အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ဂျပန်နိုင်ငံ Mizuho Information and Research Institute, Social Policy Consulting ဌာန၏ Project Advisor ဖြစ်သူ Jochi University, Comprehensive Human Sciences Social Welfare ဌာနမှ တွဲဖက်ပါမောက္ခ Prof. Kenishiro Fuji ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ ပါသည်။

ရန်ကုန်၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂၅ -

      လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် ၂၀၁၆ ခုနှစ် ၊ စက်တင်ဘာလ (၂၄) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ၊ အထွေထွေရောဂါကုဆေး ရုံကြီး၌ ဆေးကုသမှုခံယူလျှက်ရှိသောလူမှုကာကွယ်စောင်‌့ရှောက်မှုလိုအပ်သည်‌့ မဆန်းကေခိုင်နှင်‌့ မသဇင်တို့ (၂)ဦးအား သွားရောက်ကြည်‌့ရှုထောက်ပံ့ရာဆေးရုံအုပ်ကြီးဒေါက်တာအေးကိုကိုနှင်‌့ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပါသည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂၅ -

      ရခိုင်ပြည်နယ် ၊ စစ်တွေမြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများလိုက်ပါလျှက် ယနေ့နံနက်ပိုင်းတွင် မင်းဂံရပ်ကွက်သစ်သို့ ရောက်ရှိပြီး ပြည်သူများ၏ နေအိမ်များတွင် ထောက်ပံ့ထားရှိသော မီတာဘောက်များ တပ်ဆင်ထားရှိမှုနှင့် လျှပ်စစ်မီးရရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု ကြပါသည်။

နေပြည်တော်၊ စက်တင်ဘာလ(၂၇) -

      နိုင်ငံတော်အစိုးရ၏ မူဝါဒနှင်‌့အညီ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင်‌့ နိုင်ငံသူ၊ နိုင်ငံသားများ၊ အထူးသဖြင်‌့ အန္တရာယ် အလွယ်တကူ ရရှိခံစားရလွယ်သော ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် ပြုစုစောင်‌့ရှောက်ရေး၊ ကာကွယ်စောင်‌့ရှောက်ရေး ၊ ပြန်လည်ထူထောင်ရေး၊ လူမှုအဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့စေရေး တို့ကို လူမှုဝန်ထမ်းနည်းပညာများ၊ လူ့အခွင်‌့အရေး ဆိုင်ရာကွန်ဗင်းရှင်းများနှင်‌့ အခြားသက်ဆိုင်ရာ နယ်ပယ်အလိုက် သတ်မှတ်ထားရှိသည့် နိုင်ငံတကာစံနှုန်းများနှင်‌့အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

နေပြည်တော်၊ ၃၀.၁၀.၂၀၁၈ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား စင်္ကာပူသမ္မတနိုင်ငံ၊ ပြည်ထဲရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ Senior Parliamentary Secretary ဖြစ်သူ Mr. Amin Amin ဦးဆောင်သောအဖွဲ့ က ယနေ့ နေ့လည်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မှ လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်မူဝါဒရေးဆွဲပြီးလုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများအား ပြန်လည်ထူထောင်ရေး လုပ်ငန်း များ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့်
နေပြည်တော်၊ ၃၀.၁၀.၂၀၁၈ ဖားကန့်ဒေသရှိရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆိုင်ရာလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၈) ကိုယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက တစ်နိုင်ငံလုံးအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ဖားကန့်ဒေသသည် တရားဥပဒေစိုးမိုးမှု လိုအပ်သောဒေသဖြစ်ပါကြောင်း၊ ဖားကန့်ဒေသတွင် နိုင်ငံအနှံကလာရောက်သောရွှေ့ပြောင်း လုပ်သားများရှိကြောင်း၊ ဤဒေသတွင် မူးယစ်ဆေးဝါးသုံးဆွဲမှု များပြားကြောင်း၊ ထို့ကြောင့် လူမှု ဒုက္ခများ၊ ရာဇဝတ်မှုများထူပြောလျက်ရှိကြောင်း၊ ထိုရွှေ့ပြောင်းလုပ်သားများသည် မြေစာပုံပြိုကျ မှုကြောင့် သေဆုံးသူဦးရေများပြားလျက်ရှိကြောင်း၊ လူမသေသော်လည်း ဘဝသေနေကြသည့် သူများ များပြားနေကြောင်း၊ HIV/AIDS၊ အသဲရောင် အသားဝါနှင့် နာတာရှည်ရောဂါများလည်း ဖြစ်ပွားလျက်ရှိပါကြောင်း၊ ကလေးသူငယ်များ၏ ကျန်းမာရေး/ပညာရေးထိခိုက်လာပါကြောင်း၊ ထိုကြောင့် ထိုဒေသတွင် ဆောင်ရွက်စရာ