နေပြည်တော်၊ ၂၉.၁၀.၂၀၁၈ Japan International Cooperation Agency မှvolunteer ဖြစ်သူMs. Mutsumi KUDO သည် မန္တလေးမြို့၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်းတွင် (၂)နှစ်ကြာ တာဝန်ထမ်းဆောင် ပြီးဖြစ်၍ မိမိနိုင်ငံသို့ ပြန်လည်မထွက်ခွါမီ (၂၉.၁၀.၂၀၁၈)ရက်နေ့၊ နေ့လည်(၁၅:၀၀)နာရီ အချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာန(ရုံးချုပ်)နေပြည်တော်၌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးအား လာရောက်ဂါရဝပြုနုတ်ဆက်ခဲ့သဖြင့် ညွှန်ကြားရေးမှူးချုပ်မှ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
နေပြည်တော်၊ ၂၇.၁၀.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် အီရန်နိုင်ငံ၊ တီဟီရန်မြို့တွင် အောက်တိုဘာလ (၂၃)ရက်နေ့မှ(၂၅)ရက်နေ့ အထိ ကျင်းပခဲ့သည့် သက်ကြီးရွယ်အိုများနှင့် စပ်လျဉ်း၍ မိသားစု၊လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်အစိုးရတို့၏ အခန်းကဏ္ဍများဆိုင်ရာ အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများ ညီလာခံသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါညီလာခံအား အီရန်နိုင်ငံ၊ သမဝါယမ၊ အလုပ်သမားနှင့် လူမှုဝန်ထမ်း ဝန်ကြီးဌာန၊ အီရန်နိုင်ငံ လူမှုဝန်ထမ်းအဖွဲ့အစည်း (State Welfare Organization)၊ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) နှင့် Helpage International တို့မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး
နေပြည်တော်၊ ၂၇.၁၀.၂၀၁၈ ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိပြီး သံရုံးအစည်းအဝေးခန်းမ၌ သံအမတ်ကြီးက မြန်မာသံရုံး၏ ဂျပန်နိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသော လုပ်ငန်းဆောင်ရွက်နေမှု အ‌ခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် မစ္စတာ တာရှီအို နာရှီမူရာအား လက်ခံတွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်တည်ဆောက်ရေးကိစ္စရပ်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ဒရုန်း(Drone)များကို ဥပဒေနှင့်အညီ စနစ်တကျအသုံးပြုနိုင်ရေး၊ မသန်စွမ်းသူများ အလုပ်အကိုင်ရရှိရေး၊ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက် ရေးသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေးနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။
နေပြည်တော်၊ ၂၆.၁၀.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပူးပေါင်းဖော်ဆာင်ရန် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ရောက်ရှိလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ လွှတ်တော်အဆောက်အဦ၌ ဂျပန်-မြန်မာ လွှတ်တော်ကိုယ်စားလှယ်များ ချစ်ကြည်ရေးအဖွဲ့ ၏ ဥက္ကဌ Mr. Aisawa Ichiro နှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအား အပြန်အလှန်အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြပါသည်။ ထိုတွေ့ဆုံဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ် Mr. Kozo Yamamoto၊ မြန်မာ့အရေးစိတ်ဝင်စားသည့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ Japan Heart အဖွဲ့တည်ထောင်သူ Dr. Hideto Yoshioka နှင့် Japan Heart မြန်မာရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
နေပြည်တော်၊ ၂၉.၁၀.၂၀၁၈ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် UNICEF (Myanmar)တို့ပူးပေါင်း၍ ကုသရေး ဦးစီးဌာနအောက်ရှိ ဆေးရုံကြီးများတွင် ခန့်အပ်တာဝန်ချထားသော ဆေးလူမှုဆက်ဆံရေး ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်မှု ( Capacity building for Medical Social Workers )(၁/၂၀၁၈)သင်တန်းကို နေပြည်တော် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းဆေးရုံ တွင် (၂၉.၁၀.၂၀၁၈)မှ ( ၂.၁၁.၂၀၁၈)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး၊ အဆိုပါသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ (၂၉.၁၀.၂၀၁၈)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် ကျင်းပရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တက်ရောက်၍ နှုတ်ဆက်အမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသား (၃၆)ဦးတက်ရောက်လျက်ရှိပါသည်။ သင်တန်းကာလအတွင်း၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန နှင့် UNICEF (Myanmar) တို့မှ သင်ခန်းစာများ ပို့ချဆွေးနွေးသွားမည်ဖြစ်ပါသည်။
ဟနွိုင်း၊ ၂၅-၁၀-၂၀၁၈ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် အောက်တိုဘာလ (၂၄) ရက်နှင့် (၂၅) ရက်နေ့များတွင် ကျင်းပခဲ့သောတတိယအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးများအဆင့် အစည်းအဝေး သို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ ပါသည်။ အောက်တိုဘာလ (၂၄) ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးသည် ဗီယက်နမ်နိုင်ငံ၊ အလုပ်သမား၊ မသန်စွမ်းသူများနှင့် လူမှုရေးရာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Dao Ngoc Dung အား ၎င်း၏ ဝန်ကြီးရုံး ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ပါသည်၊၊

နေပြည်တော်၊ စက်တင်ဘာ (၁၂) -

      သက်ကြီးရွယ်အိုများရဲ့ ဘဝလုံခြုံစိတ်ချစေရေးအတွက်  ဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲ ဆောင်ရွက် လျက်ရှိသည့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ(မူကြမ်း)အား လွှတ်တော်ကအတည်ပြုပြဌာန်းပြီး နောက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် မြန်မာနိုင်ငံ အမျိုးသားအဆင့် သက်ကြီးရွယ်အို စီမံကိန်း (၂၀၁၄-၂၀၂၃) ပါ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ အမရဟိုတယ်၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ သက်ကြီးရွယ်အို မူဝါဒရေးဆွဲရေးဆိုင်ရာ  အလုပ်ရုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက တိုက်တွန်းြပောကြားခဲ့ပါသည်။

နေပြည်တော်၊ ၂၀၁၆ခုနှစ်၊ စက်တင်ဘာလလ ၇ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမ၌ စက်တင်ဘာလ(၉)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်မှ အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။

ရန်ကုန်၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အောင်စကြာမိုးကုတ် ဝိပဿနာဓမ္မရိပ်သာ၌ ကျင်းပသော အလှူရှင် ဒေါ်ရွှေပု၏ ရေဘေးသင့်သာသနိက အဆောက်အဦများ၊ ငလျင်ဒဏ်ကြောင့် ပျက်စီး သွားသော ပုဂံဘုရားစေတီပုထိုးများ ပြုပြင်ရန်နှင့်ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ်သိန်း(၈၀)ကို လက်ခံရယူကာ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ပါသည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာ (၉)၊ နေပြည်တော် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမ၌ စက်တင်ဘာလ(၉)ရက်နေ့၊ နံနက်(၁၁း၀၀) နာရီ အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးအား youth policy development(UNFPA) အဖွဲ့မှ အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။