၂၀၁၆ခုနှစ်၊ သြဂုတ်လ (၂၂) ရက် -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် ဘီးလင်းမြို့သို့ရောက်ရှိပြီး ဘီးလင်းမြစ် ရေကြီးရေလျှံမှုများ နှစ်စဉ်ကြုံတွေ့နေရခြင်းကြောင့် ယခုနှစ်အတွင်း ဘီးလင်းမြစ်အတွင်း ရေစီးရေလာကောင်းစေရန် သဲသောင်များ တူးဖော်ထားရှိသဖြင့် ဘီးလင်းမြို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်မှုမရှိသေးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ ရှင်းလင်တင်ပြချက်အရ သိရှိရပါသည်။