မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေးလုပ်ငန်း၏ရည်ရွယ်ချက်
၂။ မြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းသူများ၏ အခြေခံအခွင့်အရေးများ အသေအချာရရှိစေရေးနှင့် ၎င်းတို့၏ဘဝ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးတို့ကို ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပါသည်။
မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေးလုပ်ငန်းများ
၃။ လူမှုဝန်ထမ်းဦးစီးဌာနသည်မသန်စွမ်းမှုအမျိုးအစားလေးမျိုးဖြစ်သောကိုယ်အင်္ဂါမသန်စွမ်း၊အမြင်အာရုံမသန်စွမ်း၊အကြားအာရုံမသန်စွမ်းနှင့်ဉာဏ်ရည်မသန်စွမ်း စသည့်ထိခိုက်လွယ်အုပ်စုများဖြစ်သည့်မသန်စွမ်းသူများအားသင်တန်းကျောင်းအခြေပြုစောင့်ရှောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါသည်။
၄။ လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်မြို့တွင် မသန်စွမ်းကလေးများပြုစုစောင့်ရှောက်ရေးဂေဟာ(၁)ကျောင်း၊မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (၁)ကျောင်း၊မျက်မမြင်ကျောင်း(၁)ကျောင်း၊နားမကြားသောကလေးများကျောင်း(၁)ကျောင်း၊မသန်စွမ်းသက်ကြီးသင်တန်းကျောင်း (၁)ကျောင်း၊မန္တလေးမြို့တွင်မသန်စွမ်းသက်ငယ်သင်တန်းကျောင်း(၁)ကျောင်းနှင့် နားမကြားသောကလေးများကျောင်း(၁)ကျောင်း ၊ စစ်ကိုင်းမြို့တွင်မျက်မမြင်ကျောင်း(၁) ကျောင်း၊ စုစုပေါင်းသင်တန်းကျောင်း (၈)ကျောင်းကိုဖွင့်လှစ်ထားရှိပြီး မသန်စွမ်းသူများကိုပြုစုစောင့်ရှောက်ခြင်း၊ကျောင်းပညာသင်ကြားပေးခြင်း၊အသက်မွေးဝမ်းကျောင်းပညာများသင်ကြားပေးခြင်းတို့ကိုဆောင်ရွက်လျက်ရှိပါသည်။
လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်ဆောင်ရွက်လျက်ရှိသောမသန်စွမ်းသင်တန်းကျောင်း (၈)ကျောင်းစာရင်း
စဉ် |
ကျောင်းအမည် |
ခွင့်ပြု အင်အား |
လက်ရှိ လူဦးရေ |
၁။ |
မသန်စွမ်းသက်ငယ်သင်တန်းကျောင်း(ရန်ကုန်) |
၂၅၀ |
COVID-19 ဖြစ်ပွားနေ သဖြင့် ကျောင်းများ ခေတ္တပိတ် ထားပါသည် |
၂။ |
မသန်စွမ်းသက်ငယ်သင်တန်းကျောင်း(မန္တလေး) |
၁၀၀ |
။ |
၃။ |
ကြည့်မြင်တိုင်မျက်မမြင်ကျောင်း(ရန်ကုန်) |
၂၀၀ |
။ |
၄။ |
စစ်ကိုင်းမျက်မမြင်ကျောင်း(စစ်ကိုင်း) |
၁၀၀ |
။ |
၅။ |
နားမကြားသောကလေးများကျောင်း(မန္တလေး) |
၂၀၀ |
။ |
၆။ |
နားမကြားသောကလေးများကျောင်း(ရန်ကုန်) |
၁၀၀ |
။ |
၇။ |
မသန်စွမ်းသက်ကြီးသင်တန်းကျောင်း(ရန်ကုန်) |
၁၀၀ |
။ |
၈။ |
မသန်စွမ်းကလေးများပြုစုစောင့်ရှောက်ရေးဂေဟာ (ရန်ကုန်) |
၁၀၀ |
၁၁၀ |
၅။ အသက်(၁၈)နှစ်မှ (၄၅)နှစ်အတွင်းရှိကိုယ်အင်္ဂါမသန်စွမ်းသူများအတွက်မသန်စွမ်းသက်ကြီးသင်တန်းကျောင်း (၁)ကျောင်းကိုရန်ကုန်မြို့တွင်ဖွင့်လှစ်၍ အသက်မွေးဝမ်းကျောင်းပညာရပ်များဖြစ်သောဓါတ်ပုံ၊ဆံသ၊ကွန်ပျူတာ၊တံဆိပ်ရိုက်၊စက်ချုပ်၊အီလက်ထရောနစ်သင်တန်းများကိုအခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး၊နှစ်စဉ်အသက်မွေးဝမ်းကျောင်းပညာရပ်များသင်ကြားပေးလျက်ရှိပါသည်။သင်တန်းတက်ရောက်အောင်မြင်ပြီးပါကကိုယ်ပိုင်ဝင်ငွေရလုပ်ငန်းများဆောင်ရွက်နိုင်ရန်စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
၆။ ရန်ကုန်မြို့နှင့် စစ်ကိုင်းမြို့တို့တွင် မျက်မမြင်ကျောင်း(၂)ကျောင်း ဖွင့်လှစ်ပြီးအသက်(၆)နှစ်မှ (၁၈)နှစ်အတွင်းရှိအမြင်အာရုံမသန်စွမ်းသောကလေးငယ်များအား လက်ခံ စောင့်ရှောက်၍မျက်မမြင်လက်စမ်းစာ(Braille Letter)ဖြင့်မူလတန်းပညာကို ကျောင်းတွင်းပညာရေးအဖြစ်သင်ကြားပေးလျက်ရှိပါသည်။ Inclusive Education အရ အလယ်တန်း၊အထက်တန်း၊တက္ကသိုလ်ပညာရပ်များကို ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော ကျောင်းများတွင် ဆက်လက်သင်ကြားပေးလျက်ရှိပါသည်။ထို့အပြင် စာပေပညာသင်ကြားနိုင်စွမ်းမရှိသူများအား အသက်မွေးဝမ်းကျောင်းပညာရပ်များအဖြစ်အကြောပြင်အနှိပ်သင်တန်း၊ဗေဒင်သင်တန်း၊ကြိမ်ထိုးသင်တန်း၊ကွန်ပျူတာသင်တန်းများလေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။
၇။ နားမကြားသောကလေးများကျောင်း (၂) ကျောင်းကိုရန်ကုန်မြို့နှင့်မန္တလေးမြို့တို့တွင်ဖွင့်လှစ်၍အသက်(၆)နှစ်မှ (၁၈)နှစ်အတွင်းရှိနားမကြားကလေးငယ်များအား Audio၊Speechများဖြင့်လေ့ကျင့်သင်ကြားပေးပါသည်။စာပေသင်ကြားရာတွင်လက်သင်္ကေတပြဘာသာစကားဖြင့်သင်ကြားပေးပြီး၊စာပေပညာသင်ကြားနိုင်စွမ်းမရှိသောနားမကြားသူများအတွက်ဇာထိုးပန်းထိုး၊ဆွယ်တာထိုး၊ကွန်ပျူတာ၊ပန်းအလှပြင်၊စက်ချုပ်၊အချက်အပြုတ်စသည့်အသက်မွေးဝမ်း ကျောင်းပညာရပ်များကိုသင်ကြားပေးလျက်ရှိပါသည်။ထို့အပြင် နားမကြားသူများ လူ့အသိုင်းအဝိုင်းအတွင်း ဝင်ဆံ့နိုင်ရေးနှင့်သတင်းအချက်အလက်များ ရရှိရေးတို့အတွက် မြန်မာစံလက်သင်္ကေတပြဘာသာစကား ပံ့ပိုးသူများ သင်တန်း ဖွင့်လှစ်ခြင်း၊ လက်သင်္ကေတဘာသာပြန်ဝန်ဆောင်မှုပေးခြင်း၊ ပညာရေးသင်ရိုးညွှန်းတမ်းများအား လက်သင်္ကေတဖြင့် ပြုစုခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။လက်သင်္ကေတပြဘာသာစကားပံ့ပိုးသူများသင်တန်းကိုတစ်ကြိမ်လျှင်(၁၈)လကြာဖြင့်သင်တန်း(၄)ကြိမ်ဖွင့်လှစ်ခဲ့ပြီးစုစုပေါင်း သင်တန်းသား (၈၂)ဦး တက်ရောက်ခဲ့ပါသည်။
၈။ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း(၂)ကျောင်းကိုရန်ကုန်မြို့နှင့်မန္တလေးမြို့တို့တွင်ဖွင့်လှစ်၍အသက်(၆)နှစ်မှ (၁၈)နှစ်အတွင်းရှိဉာဏ်ရည်မသန်စွမ်းကလေးများနှင့်ကိုယ်အင်္ဂါမသန်စွမ်းသည့်ကလေးများအားလက်ခံစောင့်ရှောက်ထားပါသည်။ ၎င်းတို့၏နေ့စဉ်လုပ်ငန်းဆောင်တာများ(Activities of Daily Living ADL)ကိုကိုယ်တိုင်လုပ်ဆောင်တတ်စေရန်အတွက်လည်းကောင်း၊လူမှုပတ်ဝန်းကျင်အတွင်းလိုက်လျောညီထွေနေထိုင်တတ်စေရန်အတွက်လည်းကောင်း၊အကြိုသက်မွေးပညာရပ်များတတ်မြောက်စေရန်အတွက်လည်းကောင်း၊စာပေသင်ကြားနိုင်သောဉာဏ်ရည်ရှိသည့်ကလေးငယ်များကိုမူလတန်းပညာသင်ကြားပေးသည့်အပြင်စာပေသင်ကြားနိုင်စွမ်းမရှိသည့်ကလေးငယ်များကိုအထူးပညာရေးစနစ်အဖြစ်အရေး၊အဖတ်၊အတွက်ပညာများသင်ကြားပေးလျက်ရှိပါသည်။
၉။ စောင့်ရှောက်သူမဲ့မသန်စွမ်းကလေးများအတွက်မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေးဂေဟာကိုရန်ကုန်မြို့တွင်ဖွင့်လှစ်လျက်နေ့စဉ်လုပ်ငန်းဆောင်တာများဆောင်ရွက်တတ်စေရန်အတွက်လည်းကောင်း၊စာပေသင်ကြားနိုင်စွမ်းရှိသောကလေးငယ်များအားမူလတန်းပညာကိုလည်းကောင်းသင်ကြားပေးလျက်ရှိပါသည်။
၁၀။ လူမှုဝန်ထမ်းဦးစီးဌာနသည် NIPPON Foundationနှင့် ပူးပေါင်း၍ ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ (၅)နှစ်တာကာလ စီမံကိန်းကို ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ စီမံကိန်း အရ မသန်စွမ်းသူများသည်သတင်းအချက်အလက်နှင့်နည်းပညာပိုမိုလက်လှမ်းမီစေရန်အတွက် Information Communication Technology (ICT) TrainingCenterကိုPrivate Public Partnership (PPP)ပုံစံဖြင့်မသန်စွမ်းသူများအား၂၀၁၈ခုနှစ်၊ ဇွန်လ(၂၄)ရက်နေ့မှစ၍ရန်ကုန်မြို့တွင်သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။အဆိုပါ ICT Training Center တွင် ကိုယ်အင်္ဂါမသန်စွမ်းသူ၊အမြင်အာရုံ မသန်စွမ်းသူ ၊ အကြားအာရုံမသန်စွမ်းသူတို့အား TOT သင်တန်း၊ ကွန်ပျူတာ အခြေခံ သင်တန်း၊ Sign Language သင်တန်း ၊ Web Designအခြေခံသင်တန်း၊ Vinyl Printing သင်တန်းနှင့် Graphic Designအခြေခံသင်တန်း စသည်ဖြင့် စုစုပေါင်းသင်တန်း(၈)ကြိမ်ကို သင်တန်းသား၊ သင်တန်းသူ (၈၉)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။
၁၁။ လူမှုဝန်ထမ်းဦးစီးဌာနနှင့် Association for Aid and Relief (AAR-ဂျပန်)တို့ လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာအရကိုယ်အင်္ဂါမသန်စွမ်းသူများအားအလုပ်အကိုင်နှင့်စွမ်းရည်မြှင့်တင်နိုင်ရေးအတွက်အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းကျောင်း(၁)ကျောင်းကိုရန်ကုန်မြို့တွင်ဖွင့်လှစ်၍အသက်မွေးဝမ်းကျောင်းသင်တန်းများပို့ချပေးလျက်ရှိပါသည်။
၁၂။ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိမသန်စွမ်းသူများအားနိုင်ငံတော်၏ဘတ်ဂျက်ရန်ပုံငွေမှကနဦးထောက်ပံ့ပေးသည့်လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်မှစ၍၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အထိတစ်ဦးလျှင်တစ်ကြိမ် (One time grant)၃၀၀၀ဝိ/-(ကျပ်သုံးသောင်းတိတိ)နှုန်းဖြင့် ထောက်ပံ့ခဲ့ရာမသန်စွမ်းသူ(၁၂၁၇၇၈)ဦးကိုကျပ်သန်းပေါင်း ( ၄၂၇၂.၃၅၅) ထောက်ပံ့ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။