ဆေးလူမှုဆက်ဆံရေး ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းကို လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တက်ရောက် အမှာစကားပြောကြား
နေပြည်တော်၊ ၂၉.၁၀.၂၀၁၈
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် UNICEF (Myanmar)တို့ပူးပေါင်း၍ ကုသရေး ဦးစီးဌာနအောက်ရှိ ဆေးရုံကြီးများတွင် ခန့်အပ်တာဝန်ချထားသော ဆေးလူမှုဆက်ဆံရေး ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်မှု ( Capacity building for Medical Social Workers )(၁/၂၀၁၈)သင်တန်းကို နေပြည်တော် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းဆေးရုံ တွင် (၂၉.၁၀.၂၀၁၈)မှ ( ၂.၁၁.၂၀၁၈)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး၊ အဆိုပါသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ (၂၉.၁၀.၂၀၁၈)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် ကျင်းပရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တက်ရောက်၍ နှုတ်ဆက်အမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသား (၃၆)ဦးတက်ရောက်လျက်ရှိပါသည်။ သင်တန်းကာလအတွင်း၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန နှင့် UNICEF (Myanmar) တို့မှ သင်ခန်းစာများ ပို့ချဆွေးနွေးသွားမည်ဖြစ်ပါသည်။