ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား စင်္ကာပူသမ္မတနိုင်ငံ ပြည်ထဲရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ Senior Parliamentary Secretary ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၃၀.၁၀.၂၀၁၈

          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား စင်္ကာပူသမ္မတနိုင်ငံ၊ ပြည်ထဲရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ Senior Parliamentary Secretary ဖြစ်သူ Mr. Amin Amin ဦးဆောင်သောအဖွဲ့ က ယနေ့ နေ့လည်ပိုင်းတွင်  အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမ၌  လာရောက်တွေ့ဆုံခဲ့ပါသည်။

          တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မှ လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်မူဝါဒရေးဆွဲပြီးလုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများအား ပြန်လည်ထူထောင်ရေး လုပ်ငန်း များ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့် မူးယစ် ဆေးဝါးများ စတင်သုံးစွဲမှု မရှိစေရန် ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ Single Mother များ၊  ရင်ခွင့်မဲ့ကလေးသူငယ်များ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်တို့ရှိ နေရပ်စွန့်ခွာသူများအတွက် ပြန်လည်နေရာချထားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရား ဥပဒေစိုးမိုးရေးတို့ စီစဉ်ဆောင်ရွက်နေမှုများနှင့် စင်္ကာပူနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော လူငယ် များနှင့်ပတ်သက်၍ အခွင့်အလမ်းများ ဖော်ဆောင်ပေးနေမှုအခြေအနေများ၊ ဝင်ငွေနည်း မိသားစု များ၊ ထိခိုက်လွယ်မိသားစုများအား စင်္ကာပူအစိုးရက ပံ့ပိုးဆောင်ရွက်ပေးနေမှုအခြေအနေများ၊ စင်္ကာပူနိုင်ငံတွင် ပြန်လည်ထူထောင်ရေးစင်တာများ၌ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသမီးများ အတွက် သီးခြားစီစဉ်ဆောင်ရွက်၍ ထောက်ပံ့နေမှုအခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter

နောက်ဆုံးရသတင်းများ