ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဥရောပသမဂ္ဂ ကုန်သွယ်မှု အခွင့်အရေး စိစစ်လေ့လာရေး အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော်    ၊ ၃၁.၁၀.၂၀၁၈

            လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Mrs. Helena Konig, Deputy Director General of Trade နှင့် Mrs. Paola Pampaloni, Deputy Menaging Director, Director of Asia- Pacific of European External Action Serviceတို့ ဦးဆောင်သော ဥရောပသမဂ္ဂ ကုန်သွယ်မှုအခွင့်အရေး စိစစ် လ့လာရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင်အဆိုပါဝန်ကြီးရုံးခန်းမတွင်လာရောက်တွေ့ဆုံခဲ့ကြပါသည်။

  ထိုသို့တွေ့ဆုံရာတွင် ဒီမိုကရေစီအစိုးရအနေဖြင့် မိမိတို့အစိုးရ တာဝန်ယူသည့် အချိန်မှ စတင်၍ ရခိုင်ပြည်နယ်အရေးအား အထူးအလေးထားဆောင်ရွက်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ ပြဿနာအများစုမှာ နှစ်ကာလပေါင်းကြာရှည်စွာ တည်ရှိခဲ့သည့် အကြောင်းအရာများဖြစ်ကြောင်း၊ အဓိကအခြေခံအကြောင်းအရာများဖြစ်သည့် လူ့အသိုက်အဝန်း နှစ်ခုအကြား ယုံကြည်မှုတည် ဆောက်ရေး၊ လူမှုသဟဇာတ မျှတဖြစ်ထွန်းရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက် နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ထို့အပြင် ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ အကြမ်းဖက်သမားများ၏ အန္တရာယ်မှ ကာကွယ်ရေး၊ မူးယစ်ဆေးဝါး ပြဿနာများ ဖြေရှင်းရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများအား လူမျိုး၊ ဘာသာ၊ ကျား/မ မရွေးပေးအပ်နိုင်ရေးအတွက် ကြက်ခြေနီလှုပ်ရှားမှုများဖြင့် လည်းကောင်း၊ UEHRD မှ လုပ်အားပေးလူငယ်များ အစီအစဉ်ဖြင့်လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ရခိုင်ပြည်နယ် အကြံပေးအဖွဲ့၏ အကြံပြုချက်များအားလည်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့်ကိစ္စများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နားလည်မှုစာချွန်လွှာရေးထိုး၍ နေရပ်စွန့်ခွာ သူများအား ပြန်လည်လက်ခံရေး ဆောင်ရွက်နေမှုများနှင့် နောက်ဆုံးအခြေအနေများ၊ ပြန်လည်ဝင်ရောက်လာမည့် နေရပ်စွန့်ခွာသူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ၊ စားဝတ်နေရေးအတွက် စီမံထားရှိမှုများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဆောင်ရွက် ပေးနိုင်ရန် စီစဉ်ထားရှိမှုများ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဝန်ဆောင်မှုများရရှိရေးကိစ္စများ၊ နေရပ်စွန့်ခွာသူများ၊ IDP စခန်းများမှ ပြည်သူများ လွတ်လပ်စွာလှုပ်ရှားသွားလာရန် နိုင်ငံသား စိစစ်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများ၊ ရခိုင်ပြည်နယ်အကြံပေးအဖွဲ့၏ အကြံပြုတင်ပြခြင်းများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား ပြည်သူများသို့ (၄)လ (၁)ကြိမ် အစီရင်ခံတင်ပြနေမှု အခြေအနေနှင့်လာမည့် နိုဝင်ဘာလအတွင်း နိုင်ငံတကာ အသိုက် အဝန်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်တွေ့ဆုံ၍ ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်း တင်ပြမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter

နောက်ဆုံးရသတင်းများ