ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး လာရောက်တွေ့ဆုံ
နေပြည်တော်၊ ၁၄.၁၁.၂၀၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H. E. Mr. Ichiro MARUYAMA က အဆိုပါဝန်ကြီးဌာနတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးကို မြန်မာနိုင်ငံဘက်မှ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလမှစ၍ အဆင်သင့်ဖြစ်နေခဲ့မှုများနှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာနှစ်နိုင်ငံ သဘောတူညီချက်အရ နိုဝင်ဘာလလယ်မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပေးပို့ လာသော စာရင်းအရ ပထမအသုတ်(၂၂၅၁)ဦးကို ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံ ဘက်မှ ပြင်ဆင်ထားရှိမှုများ၊ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံပြီးနောက် လူသားချင်း စာနာထောက်ထားမှုအကူအညီများ၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ သက်မွေးဝမ်း ကျောင်းသင်တန်းများ၊ Cash for Work Program များတွင် ဂျပန်နိုင်ငံမှ ပါဝင်ပူးပေါင်း ကူညီနိုင်မည့် အခြေအနေများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။