မန္တလေးမြို့၊ နားမကြားသောကလေးများကျောင်းတွင် နားမကြားသူများ၏ ပညာရေးနှင့် အကြားအာရုံ ပြန်လည်ထူထောင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ
မန္တလေးတိုင်းဒသကြီး၊ ၁၆.၁၁.၂၀၁၈
မန္တလေးမြို့၊ နားမကြားသောကလေးများကျောင်းတွင် ၂၀၁၈ခုနှစ်၊ နိုင်ဝင်ဘာလ (၁၅) ရက်နေ့မှ (၁၆)ရက်နေ့ထိ နားမကြားသူများ၏ ပညာရေးနှင့် အကြားအာရုံ ပြန်လည်ထူထောင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို အင်္ဂလန်နိုင်ငံမှ Dr.Robin Youngs ဦးဆောင်သော နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်ကြီးများအဖွဲ့၊ Mandalay School for the deaf charity အဖွဲ့နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့ပြီး နားမကြားသောကလေးများ၏ မိဘများ၊ ရန်ကုန်နှင့် မန္တလေးရှိ နားမကြားသောကလေးများ ကျောင်းမှ ဝန်ထမ်းများ၊ နားမကြားသူများအရေးကို ဆောင်ရွက်လျက်ရှိသော နားမကြားအသင်း များမှ တာဝန်ရှိသူများ၊ မန္တလေး နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံမှ ဝန်ထမ်းများ၊ စုစုပေါင်း (၁၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။