ကျား/မအခြေပြု အကြမ်းဖက်မှုအပေါ်တုံ့ပြန်မှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပ
နေပြည်တော်၊ ၁၇-၁၂-၂၀၁၈
လူမှုဝန်ထမ်းဦးစီးဌာနနှင့် NGO Gender Groupတို့ပူးပေါင်း၍ “ ကျား/မအခြေပြု အကြမ်းဖက်မှုအပေါ်တုံ့ပြန်မှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ” ကို (၁၄.၁၂.၂၀၁၈)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရူပါမြ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာအဖွဲ့အစည်းများ ၊ အရပ်ဖက်အဖွဲ့ အစည်းများနှင့် ရန်ကုန်(လှိုင်သာယာမြို့နယ်)အုပ်ချုပ်ရေးမှူးများ၊ Case Managerများဖြင့် စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။