“စာတတ်သူတိုင်း စာဖတ်ရေး” လှုပ်ရှားမှုအခမ်းအနားတွင် အမြင်အာရုံ မသန်စွမ်းသူများ စာပေဖတ်ရှုသည့် ဆောင်ပုံပြခန်း ပါဝင်ပြသ
ဒီဇင်ဘာ ၂၀၊ နေပြည်တော်
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာတတ်မြောက်သူတိုင်း စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ပိုမိုတိုးတက်စေရေး ရည်ရွယ်၍ “စာတတ်သူတိုင်း စာဖတ်ရေး” လှုပ်ရှားမှုအခမ်းအနားကို ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့မှ (၂၂)ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၂) (MICC-II) ၌ ကျင်းပလျက်ရှိပါသည်။ အဆိုပါ လှုပ်ရှားမှုအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် အမြင်အာရုံမသန်စွမ်းသူများ စာပေဖတ်ရှုသည့် ဆောင်ရွက်ပုံပြခန်းတစ်ခန်း ပါဝင်ပြသလျက်ရှိရာ လေ့လာသူများ စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာလျက်ရှိကြောင်း သိရှိရပါသည်။