ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဆလုံ လူမျိုးများ နေထိုင်ရာ ဇာဒက်ကြီးကျွန်း၊ ဂျလန်းကျွန်းနှင့် မကြုံကလက်ကျွန်းများတွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ထောက်ပံ့မှုများ ဆောင်ရွက်

၃၁ ဒီဇင်ဘာ၊ ကော့သောင်းမြို့
     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ တနင်္သာရီတိုင်းဒေသကြီး  သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဆလုံ လူမျိုးများနေထိုင်ရာ ဇာဒက်ကြီးကျွန်း၊ ဂျလန်းကျွန်းနှင့် မကြုံကလက်ကျွန်းများတွင်  လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ထောက်ပံ့မှုများကို ဆောင်ရွက်ခဲ့ပါသည်။    
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့်အဖွဲ့သည် ဇာဒက်ကြီးကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၈)ဦး အတွက် ထောက်ပံ့ ငွေကျပ် (နှစ်သိန်းလေးသောင်း)၊ မသန်စွမ်းသူ(၄)ဦးအတွက် ထောက်ပံ့ငွေကျပ် (တစ်သိန်း နှစ်သောင်း)၊ မိခင်ဝိုင်းဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ်  (ငါးသိန်းတစ်သောင်း)၊ ကိုယ်ဝန်ဆောင်မိခင် (၂၈)ဦးအတွက် ထောက်ပံ့ငွေ (ရှစ်သိန်းလေးသောင်း)၊ ကျွန်းနေ ပြည်သူ (၇၁၉) ဦးအတွက် ဆန်ထောက်ပံ့ငွေ ကျပ်  (သိန်းသုံးဆယ် တစ်သောင်း ကိုးထောင့်ရှစ်ရာ)နှင့်  ဆလုံတိုင်းရင်းသား (၄၁၇)ဦးအတွက် ကျားလုံချည်၊ မလုံချည်နှင့် တီရှပ် တို့ကို အသီးသီး ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက် လာကြသော သူများအား လက်ဝယ်အရောက် ပေးအပ်ခြင်းနှင့် ကလေးများအား အာဟာရ မုန့်များနှင့် ကစားစရာအရုပ်များကို ဝေငှပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇာဒက်ကြီး ကျေးရွာရှှိ ဓမ္မကာယာမ တပ်ဦးကျောင်းတိုက်ရှိ ကျောင်းထိုင်ဆရာတော်အား သွာရောက်ဖူးမြော်ကာ လှူဖွယ်ပစ္စည်းနှင့် အလှူငွေများ လှူဒါန်းပြီး ရွာ၏လိုအပ်ချက်များကို လျှောက်ထား ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်ပြီး အမှတ် (၅၈) ရေတပ်စခန်းရိပ်သာတွင် မသန်စွမ်း(၁)ဦးအား ထောက်ပံ့ငွေ ပေးအပ်ခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့်အဖွဲ့သည် ဂျလန်းကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာရှှိ ငြိမ်းချမ်းအောင်ကျောင်းတိုက်မှ ဆရာတော်အား သွာရောက်ဖူးမြော်ကာ လှူဖွယ်ပစ္စည်းနှင့် အလှူငွေများ လှူဒါန်းပြီး ရွာ၏လိုအပ်ချက်များကို လျှောက်ထား ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ဂျလန်းကျေးရွာ အတွင်းရှိ အခြေခံပညာ အလယ်တန်းကျောင်းတွင် အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွား (၆)ဦး အတွက် ထောက်ပံ့ငွေကျပ် (တစ်သိန်း ရှစ်သောင်း)၊ မသန်စွမ်းသူ (၆)ဦး အတွက် ထောက်ပံ့ငွေကျပ် (တစ်သိန်းရှစ်သောင်း)၊ မိခင်ဝိုင်းဖွင့်လှစ်နိုင်ရေး အတွက် ထောက်ပံ့ငွေကျပ်သိန်း (ငါးသိန်းတစ်သောင်း)၊ ကိုယ်ဝန်ဆောင်မိခင် (၆)ဦး အတွက် ထောက်ပံ့ငွေ (တစ်သိန်းရှစ်သောင်း)၊ အမျိုးသမီးဦးဆောင် မိသားစု (၂၆)စု အတွက် (ခုနှစ်သိန်း ရှစ်သောင်း)၊ ကျွန်းနေပြည်သူ (၂၇၄)ဦး အတွက် ဆန်ထောက်ပံ့ငွေကျပ်  (ဆယ့်တစ်သိန်း ငါးသောင်းရှစ်ရာ)၊  ဆလုံတိုင်းရင်းသား (၂၀၆)ဦး အတွက် ကျားလုံချည်၊ မလုံချည်၊ တီရှပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆန်အိတ် (၂၄)အိတ် တို့ကို အသီးသီးပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြပြီး အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာကြသော သူများအား လက်ဝယ်အရောက် ပေးအပ်ခြင်းနှင့် ကလေးများအား အာဟာရမုန့်များနှင့် ကစားစရာ အရုပ်များ ကို ဝေငှပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့်အဖွဲ့သည် မကြုံကလက် ကျေးရွာသို့ ရောက်ရှိရာ ကျေးရွာအတွင်းရှိ  ဆလုံတိုင်းရင်းသား ဘော်ဒါဆောင်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွား(၇) ဦး အတွက် ထောက်ပံ့ငွေကျပ် (နှစ်သိန်း တစ်သောင်း)၊ မသန်စွမ်းသူ (၂)ဦး အတွက် ထောက်ပံ့ငွေကျပ် (ခြောက်သောင်း)၊ မိခင်ဝိုင်းဖွင့်လှစ်နိုင်ရေး အတွက် ထောက်ပံ့ငွေကျပ် (ငါးသိန်းတစ်သောင်း)၊ ကိုယ်ဝန်ဆောင်မိခင် (၈) ဦးအတွက် ထောက်ပံ့ငွေ (နှစ်သိန်းလေးသောင်း)၊ ကျွန်းနေပြည်သူ (၇၂၉) ဦးအတွက် ဆန် ထောက်ပံ့ငွေ ကျပ်  (သိန်းသုံးဆယ် ခြောက်သောင်း တစ်ထောင့်ရှစ်ရှာ)၊  ဆလုံတိုင်းရင်းသား (၂၄၂) ဦး အတွက် ကျားလုံချည်၊ မလုံချည်၊ တီရှပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆန်အိတ် (၃၀) တို့ကို အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး အခမ်းအနားသို့ ကိုယ်တိုင် တက်ရောက်လာကြသော သူများအား လက်ဝယ်အရောက် ပေးအပ်ခြင်းနှင့် ကလေးများအား အာဟာရမုန့်များနှင့် ကစားစရာအရုပ်များကို ဝေငှပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကြုံကလက် ကျေးရွာရှှိ အောင်ခေမာ ကျောင်းတိုက်ဆရာတော်အား သွာရောက်ဖူးမြော်ကာ လှူဖွယ်ပစ္စည်းနှင့် အလှူငွေများ လှူဒါန်းခဲ့ ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဇာဒက်ကြီးကျွန်း၊ ဂျလန်းကျွန်းနှင့် မကြုံကလက်ကျွန်း များသို့ရောက်ရှိစဉ် ဆလုံတိုင်းရင်းသားများ အပါအဝင် ကျွန်းနေပြည်သူ များနှင့် တွေ့ဆုံရာတွင် အစိုးရအနေဖြင့် ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်မှုကို တစ်နိုင်ငံလုံးတွင် တန်းတူညီမျှ ခံစားရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့်လည်း လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း များ ဖြစ်သော ကလေးသူငယ်များ၊ အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းများနှင့် သက်ကြီးရွယ်အိုများ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို တစ်နိုင်ငံလုံးတွင် မျှတစွာ ခံစား ရရှိနိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဝေးလံသော ဒေသများဖြစ်သည့် ကျွန်းများတွင်နေထိုင်ကြသော တိုင်းရင်းသား ပြည်သူများ၏ လိုအပ်ချက် များကို သိရှိရန်နှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လာရောက်ခြင်း ဖြစ်ကြောင်း၊ လက်ရှိအစိုးရ၏ ဆောင်ရွက်မှုများကိုလည်း သိရှိပြီး ကျွန်းနေပြည်သူများက မိမိတို့၏ အခက်အခဲများကို ပွင့်လင်းစွာ ဖော်ထုတ်နိုင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ကျွန်းနေပြည်သူများ၏ လိုအပ်ချက်များကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။
ယနေ့ ဆလုံလူမျိုးများနေထိုင်ရာ ဇာဒက်ကြီး၊ ဂျလန်းနှင့် မကြုံဂလက်ကျွန်းတို့တွင်  ထောက်ပံ့ငွေ စုစုပေါင်းမှာ ကျပ်တစ်ရာတစ်ဆယ့်ရှစ်သိန်းနှစ်သောင်းနှစ်ထောင့်လေးရာ တိတိ ဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter

နောက်ဆုံးရသတင်းများ