ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့မှုများ ဆောင်ရွက်

ဇီးကုန်း၊ ၂၀-၁-၂၀၁၉

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ တိုင်းဒေသကြီး ကရင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် အတွင်းစေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်မသန်စွမ်းသူများအတွက်ထောက်ပံ့ခြင်း၊ သက်ကြီး ရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ မိခင်ဝိုင်းများဖွင့်လှစ်ရန်အတွက် ထောက်ပံ့ခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။

          ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇီးကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီကုန်းမြို့နယ် အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ မိခင်ဝိုင်းများ၊ အတွက် ထောက်ပံ့ခြင်းအခမ်းအနားသို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ြဖိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာပညာရေး၊ ကျန်းမာရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး  လုပ်ငန်းများတွင် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ ဖော်ဆောင်ပြီး ဆောက်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနက  လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် ပြည်သူများမျှမျှတတ တူညီစွာခံစားရရှိအောင် ကြိုးပမ်းနေပါကြောင်း၊ ဝန်ကြီးဌာန၏လုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံး တစ်ပြိုင်နက်တည်း အကောင်အထည်ဖေါ်ရန် ခဲယဉ်းသည့်အတွက်မဟာဗျူဟာများချမှတ်ပြီး စီမံချက်များအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင် အထည်ဖေါ်မည့် လူသားအရင်းအမြစ်သည် အရေးကြီးသဖြင့် ရှေးဦးအရွယ်ကလေးသူငယ်မှစ၍ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ခန္ဓာကိုယ်ပုံမှန်ကြီးထွားနိုင်ရန် စနစ်တကျပြုစုပျိုးထောင်ရေးအတွက် မိခင်ဝိုင်းများဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရ၏ ထိုသို့ဆောင်ရွက်မှုများတွင် ပရဟိတ ဂေဟာနှင့် ရိပ်သာများကို အသိအမှတ်ပြုပြီးပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်း များအတွက်လည်း စနစ်တကျဆက်လက်ထောက်ပံ့သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို ထောက်ပံ့ငွေများပေးအပ်ရာရွှေဆယ်ဝတီ ဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေကျပ် (၃,၇၅၆,၀၀၀) - သုံးဆယ့်ခုနှစ်သိန်း ငါးသောင်း ခြောက်ထောင်၊ နတ်တလင်းဘိုးဘွားရိပ်သာ အတွက် ထောက်ပံ့ငွေကျပ် (၃,၆၀၉,၀၀၀) - သုံးဆယ့်ခြောက်သိန်းကိုးထောင်၊ ဇီးကုန်းဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေကျပ် (၃,၁၆၈,၀၀၀) - သုံးဆယ့်တစ်သိန်း ခြောက်သောင်းရှစ်ထောင်၊ မင်းကျောင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ထောက်ပံ့ငွေကျပ် (၂၃,၇၉၉,၀၀၀)- နှစ်ရာ သုံးဆယ့် ခုနှစ်သိန်း ကိုးသောင်းကိုးထောင်၊ သင်္ခရိုင်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ထောက်ပံ့ငွေကျပ် (၁၁,၄၄၈,၀၀၀)- တစ်ရာ တစ်ဆယ့်လေးသိန်း လေးသောင်း ရှစ်ထောင်၊ လက်ပံတန်းလူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အတွက် ထောက်ပံ့ငွေကျပ် (၄,၀၃၅,၀၀၀) - လေးဆယ်သိန်း သုံးထောင့်ငါးရာ၊ မသန်စွမ်းသူ(၂၉၆)ဦးအတွက် ထောက်ပံ့ငွေကျပ် (၈,၈၈၀,၀၀၀) -ရှစ်ဆယ့် ရှစ်သိန်း ရှစ်သောင်း၊ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၅၅၀)ဦး အတွက် လူမှုရေး ပင်စင်ထောက်ပံ့ငွေကျပ် (၁၆,၅၀၀,၀၀၀) - တစ်ရာခြောက်ဆယ့်ငါးသိန်း၊ မိခင်ဝိုင်းများ ဖွင့်လှစ်ရန်အတွက် (၃,၅၇၈,၁၀၀) - သုံးဆယ့်ငါးသိန်း ခုနှစ်သောင်း ရှစ်ထောင့်တစ်ရာ တို့ကို အသီးသီးထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာယာဝတီမြို့သို့ ရောက်ရှိပြီး သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး ဆောက်လုပ်နေမှု အခြေအနေကို သွားရောက်စစ်ဆေးခဲ့ပြီး အဆောက်အဦများပြီးစီးနိုင်ရေးတွင် ကြုံတွေ့နေရသော အခက်အခဲ များကိုတင်ပြကြရာ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိုနှိုင်းဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ကြပါ သည်။ ယနေ့ထောက်ပံ့ငွေ စုစုပေါင်းမှာ ကျပ် (၇၈၇၇၃၁၀၀) ခုနှစ်ရာ ရှစ်ဆယ် ခုနှစ်သိန်း ခုနှစ်သောင်း သုံးထောင့် တစ်ရာ ဖြစ်ကြောင်း သတင်းရရှိပါသည်။

         

FacebookTwitter

နောက်ဆုံးရသတင်းများ