ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေးခြင်း

ကရင်ပြည်နယ်၊  ၂၆.၂.၂၀၁၉


“ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေးခြင်း  (MCCT)အစီအစဉ် ” အရ (၃-၂-၂၀၁၉)ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၂၂၈၈)ဦး + ကလေး (၇၂၂)ဦး = စုစုပေါင်းလူဦးရေ (၃၀၁၀)ဦးအတွက် ထောက်ပံ့ငွေကျပ် (၁၁၆၇၉၀၀၀ဝိ/-)အား လည်းကောင်း၊ (၁၇-၂-၂၀၁၉)ရက်နေ့တွင် မြဝတီမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၁၇၀၅)ဦး + ကလေး (၄၉၀)ဦး = စုစုပေါင်းလူဦးရေ (၂၁၉၅)ဦးအတွက် ထောက်ပံ့ငွေကျပ် (၈၆၅၃၅၀၀ဝိ/-)အား လည်းကောင်း၊ (၁၈-၂-၂၀၁၉)ရက်နေ့တွင် ဘားအံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၃၉၈၇)ဦး + ကလေး (၁၂၆၄)ဦး = စုစုပေါင်းလူဦးရေ (၅၂၅၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၂၀၄၂၅၅၀၀ဝိ/-)အား လည်းကောင်း၊ (၁၉-၂-၂၀၁၉)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၂၉၂၈)ဦး + ကလေး (၉၉၁)ဦး = စုစုပေါင်းလူဦးရေ (၁၄၉၂၆၅၀၀ဝိ/-)အား လည်းကောင်း၊ (၂၀-၂-၂၀၁၉)ရက်နေ့တွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၁၇၂၈)ဦး + ကလေး (၄၆၉)ဦး = စုစုပေါင်းလူဦးရေ (၂၁၉၇)ဦးအတွက် ထောက်ပံ့ငွေကျပ် (၈၆၆၄၀၀၀ဝိ/-)အား လည်းကောင်း၊ (၂၃-၂-၂၀၁၉)ရက်နေ့တွင် ကိုယ်ဝန်ဆောင်မိခင် (၉၃၈)ဦး + ကလေး (၂၃၆)ဦး = စုစုပေါင်းလူဦးရေ (၁၁၇၄)ဦးအား လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပါသည်။
(၂၈-၂-၂၀၁၉)ရက်နေ့တွင်လည်း ဖာပွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၅၁၁)ဦး + ကလေး (၁၇၁)ဦး = စုစုပေါင်းလူဦးရေ (၆၈၂)ဦးအတွက် ထောက်ပံ့ငွေကျပ် (၂၆၅၀၅၀၀ဝိ/-)အား ထောက်ပံ့ပေးအပ် သွားနိုင်ရေးအတွက် လျာထား ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter

နောက်ဆုံးရသတင်းများ