ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား Lao Youth Union မှ Secretary General ဦးဆောင်သော အဖွဲ့က လာရောက်တွေ့ဆုံ
ဇူလိုင် ၂၀၊ လာအို
လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ကျင်းပပြုလုပ်သော (၁၁)ကြိမ် မြောက် လူငယ်အရေးဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့်အစည်းအဝေးနှင့် (၇)ကြိမ်မြောက် လူငယ်ဆိုင်ရာ အာဆီယံ+၃ ဝန်ကြီးအဆင့်အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား Lao Youth Union မှ Secretary General Mr. Alounxai Sounnalath ဦးဆောင်သောအဖွဲ့ က ယမန်နေ့မွန်းလွဲပိုင်းတွင် လာအိုပလာဇာဟိုတယ်၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထို့သို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား လူငယ်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အတွေ့အကြုံမျှဝေဖလှယ်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံမှ စေတနာ့ဝန်ထမ်း လုပ်အားပေး လူငယ်များ၏ ပြည်သူ့အတွက် ရက်(၂၀)လှုပ်ရှားမှု အတွေ့အကြုံများ၊ လူငယ် ပေါ်လစီများနှင့်ပတ်သက်၍ အသီးသီး အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ အာဆီယံလူငယ်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ နှင့်တိုးတက်မှုများ၊ နှစ်နိုင်ငံဆက်ဆံရေးအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာကိစ္စရပ် များနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။