အမျိုးသမီးများ၏ဘဝတစ်လျှောက်အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်း နည်းပညာကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀)ကျင်းပ
ဇန်နဝါရီ ၂၈ ၊ နေပြည်တော်
အမျိုးသမီးများ၏ ဘဝတစ်လျှောက်အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်းနည်းပညာ ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကိုယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ Horizon Lake View ဟိုတယ်၌ကျင်းပ ပြုလုပ်ရာ ကော်မတီဥက္ကဋ္ဌဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျ သံအမတ်ကြီး Ms. Andrea Faulkner ၊ မြန်မာနိုင်ငံဆိုင်ရာ UNFPA၏ ဌာနေကိုယ်စား လှယ် Mr. Ramanathan Balakrishnan၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေး၊ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးမှ အထူးဖိတ်ကြားထားသော ကိုယ်စားလှယ်၊ စီမံကိန်း၊ ဘဏ္ဍဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ UNFPA မှ တာဝန်ရှိသူများ၊ အမျိုး သမီးများ၏ ဘဝတစ်လျှောက်အတွေ့အကြုံများဆိုင်ရာလေ့လာမှုစစ်တမ်း နည်းပညာကော်မတီဝင် များနှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ ဖိတ်ကြားထားသော ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြပါသည်။
အမျိုးသမီးများ၏ ဘဝတစ်လျှောက်အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်းနည်းပညာ ကော်မတီ ဥက္ကဋ္ဌဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးစိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်(SDG) အမှတ်စဉ် (၅)ပါ အညွှန်းကိန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေသည့် အချက်အလက်များကိုဖော်ထုတ်နိုင်ရန်၊ အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) အကောင်အထည်ဖော် ဆောင်ရွက်မှုတွင် အထောက်အကူပြုသည့် အချက်အလက်များရရှိနိုင်ရန်အတွက် ယခုကဲ့သို့ နိုင်ငံအဆင့် လေ့လာမှု စစ်တမ်းအား ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ဤလေ့လာမှုစစ်တမ်းကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် စီမံကိန်း၊ဘဏ္ဍဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့တို့၏ စီမံကြီးကြပ်မှု၊ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ ကူညီပံ့ပိုးမှုနှင့် နည်းပညာကော်မတီဝင်များ၏ ပူးပေါင်း ပါဝင်မှုဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး လုပ်ငန်းစဉ်ကာလအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအထိ ဆောင်ရွက်မှာဖြစ်ပါကြောင်း၊ လေ့လာမှုစစ်တမ်း အတွက် ကိန်းဂဏန်းအရေအတွက်ပိုင်းဆိုင်ရာ အချက်အလက်များ၊ အကြောင်း အရာများကို ထဲထဲဝင်ဝင်လေ့လာနိုင်သည့် အရည်အသွေးပိုင်းဆိုင်ရာ အချက်အလက်များကို ကောက်ယူသွားမှာ ဖြစ်ကြောင်း၊ အိမ်ထောင်စု (၅၀ဝဝ)ခန့်ထဲမှ အသက် (၁၅)နှစ်နှင့် (၆၄)နှစ်အတွင်းရှိ အမျိုးသမီးများ အား တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးတွင် စစ်တမ်းကောက်ယူသွားမှာ ဖြစ်ပါကြောင်း၊ ယင်းအချက် အလက်များကိုအခြေခံပြီး ကျား၊ မရေးရာ တုံ့ပြန်မှုဆိုင်ရာလုပ်ငန်းများ၊ ဘတ်ဂျက်နှင့်မူဝါဒရေးဆွဲခြင်း၊ အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းအစီအစဉ်များ အကောင်အထည်ဖော်ခြင်းများအတွက် ထိရောက်၍ စနစ်ကျသော လုပ်ငန်းစနစ်များကို ဖော်ဆောင်နိုင်မှာဖြစ်သောကြောင့် သုတေသနစစ်တမ်းအတွက် သက်ဆိုင်ရာကဏ္ဍဍများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့လိုကြောင်း၊ လက်ရှိတွင် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း)သည် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားပြီးဖြစ်သည့်အတွက် မကြာမီထွက်ပေါ်လာတော့မှာဖြစ်ပါကြောင်း၊ ထို့အတွက် ယခုအမျိုးသမီးများ၏ ဘဝတစ်လျှောက် အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်းသည် အဆိုပါဥပဒေနှင့်လည်း ချိတ်ဆက်ဖို့လိုပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ယခုစစ်တမ်းအတွက် သက်ဆိုင်ရာကဏ္ဍဍများအလိုက် ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ လိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီးက အမှာစကားပြောကြားခြင်း၊ UNFPA မှ Country Representative က အမှာစကားပြောကြားခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမျိုးသမီးများ၏ဘဝတစ်လျှောက် အတွေ့အကြုံများဆိုင်ရာ လေ့လာမှု စစ်တမ်းနည်းပညာကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခြင်း၊ UNFPA နှင့် ဗဟိုစာရင်းအင်းအဖွဲ့မှ ကိုယ်စားလှယ်တို့က အမျိုးသမီးများ၏ ဘဝတစ်လျှောက် အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်း၏ ရည်ရွယ်ချက်၊ စည်းမျဉ်းများနှင့် သုတေသနမေးခွန်းပုံစံများအား ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေး ခဲ့ကြကြောင်းသတင်းရရှိပါသည်။