Corona virus disease (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ အသိပညာပေးခြင်းအား အလေးထားဆောင်ရွက်
(၁၀.၂၃.၂၀၂၀)ရက်နေ့တွင်လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အမျိုးသမီးများ သက်မွေးအတတ်ပညာသင်ကျောင်းမှ ကလေးများနှင့် ဝန်ထမ်း(၂၀၀)ဦးခန့်အား အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် လည်းကောင်း၊ မသန်စွမ်းကလေးများ သင်တန်း ကျောင်းတွင် ကလေးနှင့် ဝန်ထမ်း(၁၅၀)ဦးခန့်နှင့် မန္တလေး လူငယ်သင်တန်းကျောင်းတွင် ကလေးနှင့် ဝန်ထမ်း(၆၀၀)ဦးခန့် အား ဒေါက်တာဥမ္မာအောင်၊ ဒုတိယညွှန်ကြားရေးမှူးမှ Corona virus disease (COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ အကြောင်း ကူးစက်နိုင်သော နည်းလမ်းများ၊ ရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင်သော နည်းလမ်းများ၊ နှာချေ ချောင်းဆိုးသည့်အခါတိုင်း လိုက်နာရမည့် ကျင့်ဝတ် များ၊ ပါးစပ်နှင့်နှာခေါင်းစည်း(mask) အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ၊ စနစ်တကျ လက်ဆေးနည်းများ၊ တကိုယ်ရေသန့်ရှင်းရေး၊ အာဟာရပြည့်ဝသော အစားအစာများ စားခြင်း စသည့်ရောဂါကူးစက်မှု မှ ကာကွယ်နိုင်ရန် နည်းလမ်းများကို အသိပညာပေးခြင်း ဆောင်ရွက် ခဲ့ပါသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ဌာနငယ်သင်တန်းကျောင်းနှင့် မူလတန်းကြိုကျောင်းများမှ ဝန်ထမ်းများအား ဒေါက်တာရဲမြတ်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး မှ (၅.၃.၂၀၂၀)ရက်နေ့တွင် ဆောင်ရွက်ခဲ့ပါသည်။
(၁၁.၃.၂၀၂၀)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနငယ်သင်တန်းကျောင်း များနှင့် မူလတန်းကြိုကျောင်းများရှိ ကလေးများနှင့် ဝန်ထမ်းများအား အသိပညာပေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အလားတူ အသိပညာပေးခြင်း အစီအစဉ်များအား (၁၁.၃.၂၀၂၀)ရက်နေ့မှ စတင်၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဌာနငယ်သင်တန်းကျောင်းနှင့် မူလတန်းကြိုကျောင်းများမှ ကလေးများနှင့် ဝန်ထမ်းများအား အသိပညာပေးခြင်းအား ဒေါက်တာနေခြည်သက်နိုင်၊ ဒုတိယ ညွှန်ကြားရေးမှူးနှင့် ဒေါက်တာရဲမြတ်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူးတို့မှ ဦးဆောင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။