ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲ
၁၄.၆.၂၀၂၄ ရက်တွင် ပဲခူးမြို့၊ အ.ထ.က (၈)၌ ပဲခူတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကား ပြောကြားပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ အခွင့်အရေးများကြောင်းကို ဟောပြောခဲ့ပါသည်။ ထို့နောက် ပဲခူးအမှတ် (၂) မူကြိုမှ ကျောင်းအုပ်ကြီးက ပြစ်မှု/ ပြစ်ဒဏ်များ အကြောင်းကို ဟောပြောခဲ့ပါသည်။ ထို့နောက် အ.ထ.က (၈)မှ ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ကျောင်းသား/ ကျောင်းသူ (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။