ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Jaroslav Dolecek လာရောက်တွေ့ဆုံ

နေပြည်တော်၊ဇူလိုင်  ၁၃

              လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား

မြန်မာနိုင်ငံဆိုင်ရာချက်သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Jaroslav Dolecek က ယနေ့ညနေပိုင်းတွင်အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌

လာရောက်တွေ့ဆုံပါသည်။ထိုသို့တွေ့ဆုံရာတွင် ချက်သမ္မတနိုင်ငံနှင့်မြန်မာနိုင်ငံတို့အကြားလွန်ခဲ့သောနှစ်ပေါင်း (၆၀)ကစ၍သံတမန်

ဆက်သွယ်မှုရှိခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများ၊မကြာမီက ဖြစ်ပွားခဲ့သော ဆိုင်ကလုန်းမိုရာ အပါအဝင် မြန်မာနိုင်ငံသို့ လူသားချင်း

စာနာထောက်ထားမှု အကူအညီများ ပေးအပ်မှုအခြေအနေ၊ဝန်ကြီးဌာနမူဝါဒအသစ်များချမှတ်၍ပြည်သူများဒီမိုကရေစီစံနှုန်းနှင့်အညီ

အခြေခံလူ့အခွင့်အရေးများ ရရှိစေရေးကို လူမှုကာကွယ် စောင့်ရှောက်ရေးနည်းဖြင့် ရရှိအောင် ဆောင်ရွက်ပေးနေသည့်အစီအစဉ်များ၊

သဘာဝဘေး ကြိုတင်ပြင်ဆင်ရေး၊ အသင့်အနေအထားရှိရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခိုင်နိုင်သောလူမှုအဖွဲ့အစည်း ဖြစ်ပေါ်လာရေး

ကြိုးပမ်းဆောင်ရွက်နေမှုများ၊ကုလသမဂ္ဂအဖွဲ့အစည်းများ၊အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့အစည်း များ၏ အကူအညီအထောက်အပံ့များထိရောက်စေရေးအတွက် နိုင်ငံတော်အစိုးရမှ ဖွံ့ဖြိုးမှု အကူအညီများ ညှိနှိုင်းဆောင်ရွက်ရေး

အဖွဲ့ (DACU) ဖွဲ့စည်းဆောင်ရွက်မှု အခြေအနေနှင့် ချက်သမ္မတနိုင်ငံနှင့် ဝန်ကြီးဌာနတို့ကြားပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

 

 

 

FacebookTwitter