မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီအစည်းအဝေး(၁/၂၀၁၇)ကျင်းပပြုလုပ်ခြင်း

 နေပြည်တော်၊ ဇူလိုင် ၁၇

            မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီ အစည်းအဝေး(၁/၂၀၁၇)ကို (၁၄.၇.၂၀၁၇) နံနက်ပိုင်းက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီဥက္ကဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး

  ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။

          ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီသည် နိုင်ငံတော် အဆင့် လုပ်ငန်းယန္တရားတစ်ရပ်ဖြစ်ပြီးအမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် လုပ်ငန်းအစီအစဉ်များကိုနိုင်ငံတော်ကိုယ်စားအဓိကတာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာကုလသမဂ္ဂသဘောတူစာချုပ်နှင့်ကမ္ဘာ့အမျိုးသမီးညီလာခံ(ဘေးဂျင်း၁၉၉၅)အရ အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂)ကို လုပ်ငန်းနယ်ပယ် (၁၂)ရပ်ဖြင့်ရေးဆွဲခဲ့ပါကြောင်း၊ မဟာဗျူဟာစီမံကိန်းပါ လုပ်ငန်းနယ်ပယ်များကို အကောင်အထည်ဖေါ် ဆောင်ရွက်ခြင်းဖြင့် အမျိုးသမီး/အမျိုးသားအားလုံး တန်းတူညီမျှစွာ နေထိုင်နိုင်သည့် လူ့အသိုက်အမြုံ တစ်ခုအဖြစ်ပြောင်းလဲဖေါ်ဆောင်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ စီမံကိန်းအကောင်အထည်ဖေါ် ဆောင်ရွက်ရာတွင် စီမံကိန်းပါဦးတည်ချက်များကို ဝန်ကြီးဌာနများ၏ မူဝါဒများ၊ လုပ်ငန်းစဉ်များတွင် ထည့်သွင်းရေးဆွဲပြီးဘတ်ဂျက်ချမှတ်ခြင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီး

ကာကွယ်ရေးဥပဒေကိုအတည်ပြု ပြဌာန်းနိုင်ရေး၊ ဆက်စပ်ဝန်ကြီးဌာနများ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားပါသည်။

            ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်သည့် အရပ်ဖက်အဖွဲ့အစည်းများဖြစ်သော မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း တို့နှင့်ပူးပေါင်းပြီး မွေးကင်းစကလေးများစွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေး နည်းပြသင်တန်းနှင့် အသိပညာပေးသင်တန်းများ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျား၊မတန်းတူညီမျှရေး ကွန်ယက်အဖွဲ့နှင့်   ပူးပေါင်းပြီး ကျား၊ မ အခြေပြု အကြမ်းဖက်

မှုနှင့် ပတ်သက်၍ ဝန်ဆောင်မှုပေးနေသော အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်စစ်တမ်းကို မကြာမီ ထုတ်ပြန်နိုင်တော့မည်ဖြစ်ပါကြောင်း၊ အခရာ အမျိုးသမီးအဖွဲ့နှင့်ပူးပေါင်းပြီး သက်ငယ်မုဒိမ်းလက်ကမ်း စာစောင်များကို ပုံနှိပ်ဖြန့်ဝေပေးခြင်း၊ ဝန်ဆောင်မှုပေးမည့်သူများနှင့် ဆွေးနွေးပွဲများကျင်းပ ပေးခြင်း၊ အမျိုးသမီးအဖွဲ့များကွန်ယက်နှင့် ပူးပေါင်းပြီး အကြမ်းဖက်မှုလျော့ချရေး အသိပညာပေး အစီအစဉ် များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကမ္ဘာတစ်ဝန်းလုံးရှိ သုတေသန အထောက် အထားများအရ

ကျား၊မရေးရာ တန်းတူညီမျှမှုမရှိခြင်းကို လျော့ချခြင်းအားဖြင့် ထုတ်လုပ်မှု စွမ်းအားနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေခြင်း၊ အမျိုးသမီးများပူးပေါင်းပါဝင်သော ငြိမ်းချမ်းရေးဖြစ်စဉ်သည် ရေရှည် တည်တံ့ခိုင်မြဲမှုရှိစေခြင်း၊ သဘာဝဘေးအန္တရာယ်များကိုခံနိုင်ရည်စွမ်းအားပိုမို အားကောင်းလာ စေခြင်း ကို တွေ့ရှိရပါကြောင်း၊ မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ခြင်းသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်(၁၇)ရပ်အနက် ပန်းတိုင်အမှတ်(၅)ဖြစ်သည့်

ကျား၊မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများ၊ အမျိုးသမီးငယ်ရွယ်များအားလုံး စွမ်းပကားတိုးမြှင့်စေရေးကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးအတွက် အသုံးစရိတ်များ ထည့်သွင်းတွက်ချက်ထားရှိသည့် လုပ်ငန်းစီမံချက်တစ်ခုရေးဆွဲရေး၊ နည်းပညာ လုပ်ငန်းအဖွဲ့များဖွဲ့စည်းရေးနှင့် နိုင်ငံတော်အဆင့်လုပ်ငန်းယန္တရားကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ခြင်းနှင့်မိတ်ဖက်ဖွဲ့စည်းနိုင်ရေးအတွက် အတည်ပြုရေးဆွေးနွေးရန်ဖြစ်ပါကြောင်း၊ ဆက်လက်၍ မဟာ ဗျူဟာစီမံကိန်းဒုတိယ(၅)နှစ်အတွက် နှစ်အလိုက်စီမံကိန်းများကို လုပ်ငန်းအကောင်အထည် ဖေါ် ဆောင်ရွက်မည့် အစီအစဉ်များနှင့်အတူ ရေးဆွဲသွားနိုင်ရေး အကြံပြုဆွေးနွေးပေးကြပါရန် ပြောကြား ပါသည်။

                 ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီ၊ ဒုတိယဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်ကအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့်              ပတ်သက်သည့်ဆောင်ရွက်ရမည့် မူဝါဒရေးရာလုပ်ငန်းစဉ်များ၊ အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန၊ ခေတ္တ ညွှန်ကြားရေးမှူးချုပ်က အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာ ဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)ကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်နှင့်အညီအကောင်အထည်ဖေါ်ဆောင်ရွက်မည့်ရှေ့လုပ်ငန်းစဉ်များ၊တိုင်းဒေသကြီး၊          

    ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးများ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး

လုပ်ငန်းများနှင့်

  စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ခဲ့ကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီအနေဖြင့် အမျိုးသမီးများ

ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသုံးစရိတ်များထည့်တွက်ထားသော လုပ်ငန်းစီမံချက်များ ရေးဆွဲရေး၊ ထိုစီမံချက်များ အကောင်အထည်ဖော်ရန်အတွက် နည်းပညာလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းရေးနှင့် အမျိုးသမီးအရေး တက်ကြွစွာ

လှုပ်ရှားဆောင်ရွက်နေကြသော အရပ်ဖက်အဖွဲ့အစည်းများ၊ ကျား၊ မတန်းတူညီမျှရေး ကွန်ယက်နှင့် အမျိုးသမီးအဖွဲများကွန်ယက်တို့တွင်ပါဝင်သော မိတ်ဖက်အဖွဲ့အစည်းများ အားလုံး ပါဝင်သည့် လုပ်ငန်းကော်မတီဖွဲ့စည်းရေးတို့ကို အတည်ပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။ မွန်းလွဲပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးသည် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း

ဆိုင်ရာနိုင်ငံတကာ အဖွဲ့အစည်း (International Organization for Migration –IOM) မှ Chief of Mission ဖြစ်သူ

Mr. Akio Nakayama ဦးဆောင်သောအဖွဲ့နှင့်  Wave Money အဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr. Brad Jones

ဦးဆောင်သောအဖွဲ့ကို အဆိုပါဝန်ကြီးရုံး မေခလာခန်းမတွင် သီးခြားစီ လက်ခံ တွေ့ဆုံခဲ့ပါသည်။

          IOM အဖွဲ့နှင့်တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့်

နားလည်မှုစာချွန်လွှာရေးထိုး၍ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ အကူအညီပေးရေးနှင့် မိသားစုနှင့်ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းများ၊သဘာဝဘေးဒဏ်လျော့ပါးရေးနှင့်ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး

လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ အထောက်အထားမဲ့မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံမှ ပြန်လည်

ဝင်ရောက်လာမှုအတွက် ပူးပေါင်း ဆောင်ရွက်မှုများ၊ လူကုန်ကူးမှု ကာကွယ်တိုက်ဖျက်ရေးနှင့် လူကုန်ကူးခံရသူများ

အကူအညီပေးရေး တွင် ကမ္ဘာအဆင့်၊ ဒေသအဆင့်နှင့် နိုင်ငံအဆင့်ဆောင်ရွက်မည့် လုပ်ငန်းများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ Wave Money အဖွဲ့နှင့်တွေ့ဆုံရာတွင် ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့်

အသက်(၉၀)နှစ် နှင့်အထက် သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်ထောက်ပံ့မှု အစီအစဉ်နှင့် ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာမည့်ကလေး အသက်(၂)နှစ် အရွယ်ထိ လစဉ်ငွေကြေးထောက်ပံ့မှု အစီအစဉ်များကို မိုဘိုင်းငွေကြေးဝန်ဆောင်မှုဖြင့် ဆောင်ရွက်နိုင်ရေး ကုန်ကျစရိတ်ဖြစ်နိုင်ခြေများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

 

 

FacebookTwitter