ဖျာပုံခရိုင်အတွင်းရှိ ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား ကလေးများ၏ ကာယ၊ ဉာဏ၊ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု အခြေအနေအားကြည့်ရှုစစ်ဆေးဆောင်ရွက်ခြင်း

ဖျာပုံခရိုင်၊ဇူလိုင်လ ၁၈

 

              ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အဖွဲ့သည်

(၁၇.၇.၂ဝ၁၇)ရက်နေ့  နံနက်(၁ဝးဝဝ) အချိန်တွင် ကျုံကူကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၊ ဖူးပွင့်ဝေ

ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းနှင့် သက်တံ့ဘုံ ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများသို့ သွားရောက်၍ ကလေးများဇူလိုင်လအတွင်း နှစ်(၇ဝ)ပြည့်အာဇာနည်နေ့ ကို ဂုဏ်ပြုကြိုဆိုသော အထိမ်းအမှတ်

အဖြစ် ကလေးများ ကဗျာ၊ ပုံပြင်၊ ပန်းချီ၊ ပြိုင်ပွဲများပါဝင်ယှဉ်ပြိုင်နိုင်ရေးကြိုတင်ပြင်ဆင်မှုများ ကို အားပေးကြည့်ရှုခြင်း၊ ကလေးများ၏ ဘက်စုံဖွံ့ဖြိုးမှု အခြေအနေများစစ်ဆေးခြင်းနှင့် အခြားလိုအပ်သည်များကို မှာကြားခြင်းများ ဆောင်ရွက်

ခဲ့ပါသည်။

 

FacebookTwitter