နှစ်(၇၀)ပြည့်အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများ ဆုပေးပွဲအခမ်းအနား များကျင်းပပြုလုပ်ခြင်း
ရန်ကုန်၊ဇူလိုင်၁၈
နှစ်(၇၀)ပြည့်အာဇာနည်နေ့အထိမ်းအမှတ်ကဗျာ၊ပန်းချီ၊စာစီစာကုံးပြိုင်ပွဲများ၊ဟောပြောပွဲများကိုရန်ကုန်
တိုင်းဒေသကြီးအတွင်းရှိ မူလတန်းကြို ကျောင်း၊ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ဌာနငယ်သင်တန်း ကျောင်းများ၊
ပရဟိဂေဟာများမှ ရင်သွေးငယ်များ ကျောင်းသား/သူများ စုစုပေါင်း(၁၆၈)ဦး ပါဝင်ယှဉ်ပြိုင်ကြပါသည်။ မူလတန်းကြိုကျောင်းပေါင်းစုံ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို အမှတ်(၁)မူလတန်းကြိုကျောင်း တွင်ကျင်းပရာ ကျောင်းပေါင်း(၄၉)ကျောင်းမှ
ရင်သွေးငယ်(၉၀)ဦးပါဝင်ယှဉ် ပြိုင်ခဲ့ပါသည်။ ဌာနယ်၊ သင်တန်းကျောင်း
နှင့် ပရဟိဂေဟာများမှ စာစီစာကုံး ပြိုင်ပွဲများအားနားမကြားသောကလေးများကျောင်း
တွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်မှ ကျောင်းသား/သူများ စုစုပေါင်း (၇၈)ဦးပါဝင်ယှဉ်ပြိင်
ခဲ့ကြပြီး ဆုပေးပွဲအခမ်းအနားအား (၁၈.၇.၂၀၁၇)ရက်နေ့ တွင်မူလတန်းကြိုကျောင်းအမှတ်(၁)တွင် ကျင်းပပြုလုပ်ခဲ့ရာ
ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်မှ အမှာစကားပြောကြားပြီး ဌာနဆိုင်ရာများ၊
INGO၊ လူမှုရေးအသင်းအဖွဲ့များ၊ပရဟိဂေဟာမှ တာဝန်ရှိသူများ တက်ရောက်ကြပါ သည်။