နှစ်(၇၀)ပြည့်အာဇာနည်နေ့အကြိုသီချင်း၊ကဗျာ၊ပုံပြင်ပြောပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားပြုလုပ်ခြင်း

ဘားအံ ၊ဇူလိုင်၁၈

              (၁၈.၇.၂၀၁၇)ရက်နေ့၊ အမှတ်(၁)ဘားအံမူလတန်းကြိုကျောင်းခန်းမတွင် အောင်နန်းလူငယ်ပရဟိတ

ဂေဟာမှ ကျောင်းသားများ၊ အမှတ်(၁)ဘားအံမူလတန်းကြိုကျောင်းနှင့် အမှတ်(၂)ဘားအံမူလတန်းကြိုကျောင်းမှ မူကြိုရင်သွေးငယ်များ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများမှ မူကြိုရင်သွေးငယ်များအား ဘားအံပညာရေးကောလိပ်၊ မြန်မာစာကထိက ဒေါ်ခင်မျိုးလွင်မှ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အကြောင်းများနှင့်  ရင်သွေးငယ်များ ဗဟုတုတရရှိစေသော အကြောင်းများအား ဟောပြောပေးခဲ့ပါသည်။ အာဇာနည်နေ့အထိမ်းအမှတ် စိတ်ကူးယဉ်ပန်းချီပြိုင်ပွဲအား အောင်နန်းလူငယ်ပရဟိတဂေဟာမှ ကျောင်းသား (၇)ဦး၊ စာစီစာကုံးပြိုင်ပွဲအား အောင်နန်းလူငယ်ပရဟိတဂေဟာမှ အထက်တန်းအဆင့် ကျောင်းသား(၄)ဦး၊ အလယ်တန်းအဆင့်ကျောင်းသား(၃)ဦး၊ မူကြိုကျောင်းပေါင်းစုံ အရောင်ခြယ်ပြိုင်ပွဲတွင် မူကြိုရင်သွေးငယ် (၁၆)ဦး၊ မူကြိုကျောင်းပေါင်းစုံ အကြီးဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် (၁၆)ဦးနှင့် အငယ်ဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲတွင်(၁၄)ဦး တို့ဖြင့် ပြိုင်ပွဲအသီးသီးအား ကျင်းပပြုလုပ်ခဲ့ပြီး ထိုပြိုင်ပွဲအသီးသီးမှ ဆုရရှိသူများအား ပထမ၊ ဒုတိယ၊ တတိယ နှင့် ဆုမရရှိသော ကလေးများအား နှစ်သိမ့်ဆုတို့ဖြင့် ဆုများချီးမြှင့်ပေးခဲ့ရာ ဆုမျာအား ကရင်ပြည်နယ်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များမှ ဆုများချီးမြှင့်ပေးခဲ့ပါသည်။

FacebookTwitter