ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသင်တန်းဖွင့်လှစ်ခြင်း

မုံရွာ ၊ဇူလိုင်၂၆

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှကြီးမှူး၍ ဘုတလင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသင်တန်းကို (၂၃.၇.၂ဝ၁၇)ရက်နေ့မှ (၂၅.၇.၂ဝ၁၇) ရက်နေ့အထိ သင်တန်းသား (၃ဝ)ဦးဖြင့် ဖွင့်လှစ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်ညွန့်မှအဖွင့်မိတ်ဆက်စကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံး၊ တိုင်းဒေသကြီးဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများ ကိုရှင်းလင်းပြောကြားခဲ့ပါသည်။အဆိုပါသင်တန်းတက်ရောက်ပြီးသောသင်တန်းသားများမှရပ်ရွာအခြေပြုကလေးသူငယ်

ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များ ဖွဲ့စည်းခဲ့ ပါသည်။

FacebookTwitter