မိခင်ဝိုင်းများကြည့်ရှုစစ်ဆေးခြင်း
တနင်္သာရီတိုင်းဒေသကြီး၊ဇူလိုင်၃၁
လူမှုဝန်ထမ်းဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ ထားဝယ်မြို့ မှတိုင်းဦးစီးမှူးနှင့်တာဝန်ရှိ
ဝန်ထမ်းများသည် (၂၈.၇.၂၀၁၇ )ရက်နေ့ တွင် ထားဝယ်မြို့အတွင်းရှိ ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ
တွင်ဖွင့်လှစ်ဆောင်ရွက်နေသောမိခင်ဝိုင်းများရှိကလေးများအားပြုစုစောင့်ရှောက်နေမှုအခြေအနေများနှင့်ကျွေးမွေးမှု
အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုပံ့ပိုးကူညီဆောင်ရွက်ခဲ့ပါသည်။