အခြေခံစစ်တမ်းကောက်ယူခြင်း စိတ်လူမှုပံ့ပိုးကူညီမှုပေးခြင်းနှင့် ကလေးပျော်နေရာများ ဖန်တီးပေးခြင်း
ရခိုင်ပြည်နယ်၊စက်တင်ဘာ ၁၃
လူမှုဝန်ထမ်ဦးစီးဌာနမှနေရပ်စွန့်ခွာ၍စစ်တွေမြို့ပေါ်ရှိမဏိရတနာဘုန်းတော်ကြီးကျောင်း၊ဘုရားလေးဆူဘုန်း တော်ကြီးကျောင်း၊ ဆုတောင်းပြည့်ဘုန်းတော်ကြီးကျောင်း၊လရောင်ဝင်းဘုန်းတော်ကြီးကျောင်းတို့တွင်ခေတ္တခိုလှုံရောက်ရှိလာသောတိုင်းရင်းသားပြည်သူများအား အဖွဲ့(၄)ဖွဲ့ဖြင့်လူမှုရေးဆိုင်ရာအခြေခံစစ်တမ်းကောက်ယူ ခြင်း၊ စိတ်လူမှုပံ့ပိုးကူညီပေးခြင်းနှင့် ကလေးပျော်နေရာများ ဖန်တီးပေးခြင်း တို့ကို (၁၀.၉.၂၀၁၇)ရက်နေ့တွင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
မဏိရတနာကျောင်းတွင် ကိုယ်ဝန်ဆောင်(၄)ဦး၊ မသန်စွမ်း(၃)ဦး၊ အသက်(၆၀)နှစ်အထက် အဘိုး၊ အဘွား(၃၄)ဦး၊ အသက်(၂)နှစ်အောက် ကလေး(၁၂)ဦး၊ ဘုရားလေးဆူဘုန်းတော်ကြီးကျောင်းတွင် မသန်စွမ်း(၃)ဦး အသက်(၆၀)နှစ်အထက် ဘိုးဘွား (၁၇)ဦး၊ ကိုယ်ဝန်ဆောင်(၂)ဦး၊ ကျန်းမာရေးချို့တဲ့ သောကလေး(၂)ဦးတို့ကို လူမှုဝန်ထမ်းဦးစီးဌာနမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်း ပြည်ထောင်စု ဝန်ကြီးကိုယ်တိုင်ထောက်ပံ့ပေးနိုင်ခဲ့ပြီး ကလေးများအတွက် ကစားစရာအရုပ်များနှင့် မုန့်များအား ပေးအပ် ခဲ့ပါသည်။
လူမှုဝန်ထမ်းဦးစီးဌာန အဖွဲ့(၄)ဖွဲ့သည် အဆိုပါကျောင်း(၄)ကျောင်းတွင် အိမ်ထောင်စု (၂၃၃)ခု အား စစ်တမ်းကောက်ယူနိုင်ခြင်းနှင့် လူမှုဆိုင်ရာပံ့ပိုးကူညီမှုများ ပေးနိုင်ခဲ့ပြီး ကလေး(၂၁၉)ဦးအား ပန်းချီ ဆေးရောင်ခြယ်ခြင်း၊ ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ ကစားနည်းများ ၊ စိတ်ပျော်ရွှင်မှုဆိုင်ရာကစားနည်းများ အား ကလေးများနှင့်အတူ ကစားခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။