ခရိုင်/မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးများကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီး၊စက်တင်ဘာ ၁၃

(၁၂.၇.၂၀၁၇)ရက်နေ့နံနက်(၁၀း၀၀)နာရီတွင်ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ (၂း၀၀)နာရီအချိန်တွင်မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီညှိနှိုင်းအစည်းအဝေးများကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးဇေယျာမင်းသိန်း/ခရိုင်အဆင့်/မြို့နယ်အဆင့်တာဝန်ရှိသူများစုစုပေါင်း(၈၀)ဦးတက်ရောက်ခဲ့ကြပြီးသက်ငယ်မုဒိန်းမှုများလျော့နည်းစေရေး/အသိပညာပေးရန်အတွက်ဆိုင်းပုဒ်များထောင်ရန်ရပ်ကျေးဥက္ကဌများအားအသိပညာပေးရန်ကလေးသူငယ်များ၏ အခွင့်အရေးများထိခိုက်မှုမရှိစေရေး/အထူးလိုအပ်ချက်ရှိသောကလေးများ၏စာရင်းများပြုစု ထားရှိရေးကျန်းမာရေးစစ်ဆေးပေးရေး/အစိုးရဌာနများNGOs/INGOsများလူမှုရေးအသင်းအဖွဲများနှင့်ပူးဆောင်ရွက်ကြရန်/တက်ရောက်လာကြသောကော်မတီဝင်များက၎င်းတို့အဖွဲအစည်းအသီးသီးမှဆောင်ရွက်နေမှုများအားတင်ပြခြင်း/ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက်World Vision Myanmar၏ပံ့ပိုးမှုနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

FacebookTwitter