အသက်(၉၀)နှစ်နှင့်အထက်ဘိုးဘွားများအားလူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကျင်းပခြင်း
ဧရာဝတီတိုင်းဒေသကြီး၊စက်တင်ဘာ၁၅
လူမှုဝန်ထမ်းဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှကြီးမှူး၍အသက်(၉၀)နှစ်နှင့်အထက်ဘိုးဘွားများအားအမျိုးသားလူမှုရေး ပင်စင်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားအား(၁၅.၉.၂၀၁၇)ရက်နေ့တွင်ပုသိမ်မြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊စုပေါင်းရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပြီးဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ဆက်လက်၍ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှတိုင်းဒေသကြီးဦးစီးမှူးနှင့်ဝန်ထမ်းများ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိဝန်ထမ်းများသည်အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွားများအားအိမ်တိုင်ရာ ရောက်လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။