ပြည်ထောင်စုလွှွတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဌနှင့် အဖွဲ့ဝင်များက အလှူငွေများ ပေးအပ်လှူဒါန်းခြင်း
နေပြည်တော်၊စက်တင်ဘာ ၁၅
ရခိုင်ပြည်နယ်အတွင်း ဒေသခံတိုင်းရင်းသားများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင် ဥက္ကဌနှင့် အဖွဲ့ဝင်များ၏ အလှူငွေပေးအပ်လှူဒါန်း ပွဲကို (၁၄.၉.၂၀၁၇)ရက်နေ့၊ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။
အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များလေ့လာဆန်းစစ်ရေး ကော်မရှင်ဥက္ကဌ သူရဦးရွှေမန်းက ဝန်ကြီးဌာန ဝန်ထမ်း များ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဂုဏ်ပြု အသိအမှတ်ပြုပါကြောင်း၊ ယနေ့ ဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်အရေးသည် မြန်မာနိုင်ငံ၏ အရေးပင်ဖြစ်ပါကြောင်း၊ ကမ္ဘာနိုင်ငံအချို့က အမြင်တစ်မျိုးဖြင့် ပြောဆိုဝေဖန်ရှုံ့ချ ခြောက်လှန့်ခြင်းများ ဆောင်ရွက် နေသည့်အတွက် မြန်မာနိုင်ငံ၏ ပကတိအခြေအနေအမှန်၊ သမိုင်းကြောင်း၊ လူမျိုးနွယ်စု များ၏ အခြေအနေကို ကမ္ဘာကသိရှိရန်လိုအပ်ပါသဖြင့် အခြေအနေမှန်များကို သုံးသပ်၊ ဖေါ်ထုတ်ဆွေးနွေးရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးအနေဖြင့် ဖြစ်စဉ်ဖြစ်ပွားရာဒေသသို့ အစောဆုံး ရောက်ရှိသွားရောက်နိုင်ခြင်းသည် ကောင်းမွန်သော ဆောင်ရွက်ချက် ဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများကို ပြည်သူများကလည်း ပိုမိုသိမြင် လာသည်ကို တွေ့ရှိရပါကြောင်း၊ ဒုက္ခရောက်နေကြ သောတိုင်းရင်းသားများနှင့် ပြည်သူ အပေါင်းကို စာနာသနားပြီး လုံခြုံရေး၊ အစားအသောက်၊ ဆေးဝါး၊ အဝတ်အစား၊ နေရာထိုင်ခင်းတို့ကို စီစဉ်ပေးမှုပြုနေသော နိုင်ငံတော်အစိုးရနှင့် အဖွဲ့အစည်းအသီးသီးကို ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ နောက်ဆက်တွဲ ပြသနာများကို တည်ငြိမ်စွာ ဖြေရှင်းရန်နှင့် နောင် ဤအဖြစ်ဆိုးမျိုး မဖြစ်ရန် သင်ခန်းစာယူ ဆောင်ရွက်နေခြင်းကိုလည်း သိမြင်ပါ ကြောင်း၊ ဖြစ်ပျက်မှုအပေါ် နိုင်ငံရေးအမြတ်ထုတ်ခြင်း၊ တည်ငြိမ်အေးချမ်းရေး၊ ဒေသနှင့် နိုင်ငံလုံခြုံရေးကို မထိခိုက်ရန်မှာ ပြည်သူအားလုံးတွင် တာဝန်ရှိပါကြောင်း၊ ခြံစည်းရိုး လုံဖို့လိုသလို နိုင်ငံတည်ဆောက်ရေးနှင့် တိုးတက်ရေးကို မှန်ကန်သောမျိုးချစ်စိတ်၊ မှန်ကန်သော နည်းလမ်းများဖြင့် ညီညွတ်စွာ ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဌနှင့် အဖွဲ့ဝင်များက လှူဒါန်းငွေကျပ် သိန်း(၅၀)ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ပါသည်။