အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်း
ပဲခူးတိုင်းဒေသကြီး၊ ၁၈.၉.၂၀၁၇
အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ၂၀၁၇ ခုနှစ်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလ များအတွက် (၃)လစာ လူမှုရေးပင်စင်ထောက်ပံ့ခြင်းအား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတွင် (၁၅.၉.၂၀၁၇)ရက်နေ့၌ မြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ တစ်ဆင့် ပေးအပ်ခဲ့ပါကြောင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများသွားရောက် ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။