ဖျာပုံခရိုင်အဆင့် လူကုန်ကူးမှုတားဆီးကာကွယ် ရေး အသိပညာပေးဟောပြောပွဲကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီး၊၂၀၁၇၊စက်တင်ဘာ ၁၉ရက်

(၁၈.၉.၂၀၁၇)ရက်နေ့၊မွန်းလွဲ(၂း၀၀)နာရီတွင်အ.ထ.က(၁)ဖျာပုံမြို့၌ဖျာပုံခရိုင်အဆင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။အခမ်းအနားသို့ဖျာပုံဒုတိယခရိုင်အုပ်ချုပ်ရေးမှူးlခရိုင်ရဲမှူး၊ခရိုင်ဥပဒေအရာရှိ၊ခရိုင်ပညာရေးမှူး၊မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ဆရာ/ဆရာမများနှင့်ကျောင်းသူ/ ကျောင်းသားများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှုး မှလူမှုဝန်ထမ်းဦးစီးဌာန၏ လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ လုပ်ငန်းများအကြောင်း ရှင်းလင်းဟောပြောခဲ့ပါ သည်။

FacebookTwitter