ငြိမ်းချမ်းရေးအတွက်အမျိုးသမီးများဖိုရမ်ကျင်းပခြင်း
ကရင်ပြည်နယ်၊၂၀၁၇၊စက်တင်ဘာ၂၀
မြန်မာနိုင်ငံရှိအမျိုးသမီးထုအားလုံးအတွက်အကျိုးရှိမည့်ရလဒ်များ၊မူဝါဒရေးရာအကြံပြုချက်များရရှိနိုင်ရန်လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)နှင့် ကရင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ တော်ဝင်ရတနာဟိုတယ် ROYAL GRAND BZLL ROOM ၌ (၁၉.၉.၂၀၁၇)ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။