စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများ၏ နောက်ဆက်တွဲစောင့်ရှောက်မှုဆောင်ရွက်ခြင်းအတွက် ခရီးစရိတ်နှင့် နေ့တွက်စရိတ် ထောက်ပံ့မည့်ကိစ္စ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
မန္တလေးတိုင်းဒေသကြီး၊၂၀၁၇၊စက်တင်ဘာ ၂၀
(၂ဝ-၉၂ဝ၁၇)ရက်နေ့တွင်မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊အစည်းအဝေးခန်းမ၌လူမှုဝန်ထမ်းဦးစီးဌာနမှစေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများ၏နောက်ဆက်တွဲစောင့်ရှောက်မှုဆောင်ရွက်ခြင်းအတွက်ခရီးစရိတ်နှင့်နေ့တွက်စရိတ်ထောက်ပံ့မည့်ကိစ္စနှင့်ပက်သက် ၍စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများနှင့်တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင်တိုင်းဒေသကြီးဦးစီးမှူးမှထောက်ပံ့ကြေးပေးမည့်ကိစ္စနှင့်ပတ်သက်၍ထောက်ပံ့ကြေးပေးအပ်ရာတွင်ဦးစီးဌာန၏သတ်မှတ်ချက် များနှင့်အညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားပြီး၊နောက်ဆက်တွဲစောင့်ရှောက်မှုလုပ်ငန်းအား၂ဝ၁၇ခုနှစ်၊အောက်တိုဘာလတွင် စတင်ဆောင်ရွက်ရန်ပြောကြားခဲ့ပါသည်။