အမျိုးသမီးများငြိမ်းချမ်းရေးဖိုရမ်ကျင်းပခြင်း
ကရင်ပြည်နယ်၊၂၀၁၇၊စက်တင်ဘာ ၂၂
အနာဂတ်မြန်မာနိုင်ငံတွင်ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် အမျိုးသမီးများ၏အင်အားဖြင့် အမျိုးသမီးရေးလှုပ်ရှားမှု ပိုမိုခိုင်မာလာစေရန်၊အမျိုးသမီးများငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက်နိုင်ငံတော်အဆင့်လုပ်ငန်းစဉ်ရေးဆွဲနိုင်ရန်နှင့်လုပ်ငန်းစဉ်ရေးဆွဲရေးဖြစ်စဉ်များကို အထောက်အကူပြုနိုင်စေရန်နှင့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ပြည်တွင်းစစ်ရပ်စဲရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ အပါအဝင် အကြမ်းဖက်မှုများအားလုံးရပ်တန့်ရေးနှင့်ငိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင်အမျိုးသမီးများပိုမိုပါဝင်လာစေရန်အတွက်စည်းရုံးလှုံဆော် ရန်ရည်ရွယ်၍ကရင်ပြည်နယ်လူမှှုဝန်ထမ်းရုံး၊အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)WLBကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(KWEG)တို့ပူးပေါင်း၍ ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်နေ့မှ (၂၁)ရက်နေ့အထိ ဘားအံမြို့၊တော်ဝင်ရတနာ ဟိုတယ် တွင် ကျင်းပပြုလုပ်ခဲ့သော အမျိုးသမီးများ ငြိမ်းချမ်းရေးဖိုရမ်အား မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ အမျိုးသမီးအဖွဲ့အစည်းများ၊ အခြားသောလူထုအခြေပြုအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာအပါအဝင် ကဏ္ဍပေါင်းစုံတွင် တက်ကြွလှုပ်ရှားနေကြသည့် ခေါင်းဆောင်အမျိုးသမီးများ စုစုပေါင်းလူဦးရေ (၅၀၀)ဝန်းကျင်နှင့် ကျင်းပခဲ့ကြပါသည်။