အကြမ်းဖက်ဖြစ်စဉ်များကြောင့် ခေတ္တနေရပ်စွန့်ခွာတိုင်းရင်းသားများအတွက် အလှူငွေများပေးအပ်လှူဒါန်း

 နေပြည်တော်၊၂၀၁၇၊စက်တင်ဘာ၂၅

          ARSAအစွန်းရောက်အကြမ်းဖက်သမားများ၏အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့်ခေတ္တနေရပ်စွန့်ခွာတိမ်းရှောင်နေရသည့်ဒေသခံ တိုင်းရင်းသားများ၏လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက်အလှူငွေပေးအပ်ပွဲကို(၂၂.၉.၂၀၁၇)ရက်နေ့၊မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာနေပြည်တော်ကောင်စီဥက္ကဌ နှင့်ကောင်စီဝင်များ၊နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ဒက္ခိဏခရိုင်၊ဥတ္တရခရိုင်/မို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများကလှူဒါန်းငွေကျပ်(၄,၀၆၀,၀၀၀)ကိုနေပြည်တော်ကောင်စီဝင်ဦးအောင်မြင်ထွန်းကလည်းကောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ "မျှဝေခြင်း" အစီအစဉ်အရစိုက်ပျိုးရေး သုတေသနဦးစီး ဌာနက လှူဒါန်းငွေ ကျပ် (၁,၀၀၀,၀၀၀)ကိုတာဝန်ရှိသူများကလည်းကောင်းပေးအပ်လှူဒါန်းရာပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကလက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter