World Vision(မြန်မာ)မှကျင်းပပြုလုပ်သော ရပ်ရွာခြေပြုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု ရှင်းလင်းဆွေးနွေးပွဲသို့တက်ရောက်ခြင်း
ဧရာဝတီတိုင်းဒေသကြီး၊၂၀၁၇၊စက်တင်ဘာ၂၈ လူမှုဝန်ထမ်းဦးစီးဌာန၊ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှခရိုင်ဦးစီးမှူးသည်(၂၈.၉.၂၀၁၇)ရက်နေ့နံနက်(၀၉း၀၀)နာရီတွင် ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမ၌ World Vision(မြန်မာ)၏စီမံချက်ကျေးရွာများအတွင်းဆောင်ရွက်ခဲ့သောရပ်ရွာအခြေပြုဖွံ့ဖြိုး ရေးလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့တက်ရောက်အမှာစကားပြောခဲ့ပါသည်။