အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ကျင်းပခြင်း

ကရင်ပြည်နယ်၊၂၀၁၇၊အောက်တိုဘာ ၂
          ကရင်ပြည်နယ်၊ဘားအံမြို့တွင်အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနားကိုသက်ကြီးသူတို့စွမ်းဆောင်အား၊ရပ်ရွာအတွင်း အလေးထား အနာဂတ်အတွက်ခြေလှမ်းများ ဆောင်ပုဒ်ဖြင့် (၁.၁၀.၂၀၁၇)ရက်နေ့ ၊နံနက် (၁၀း၀၀) နာရီအချိန်တွင်ကန်သာဦးခန်းမ၌ ကျင်းပခဲ့ပါသည်။
          ရှေးဦးစွာ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်ကအမှာစကားပြောကြားပြီးပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများက အခမ်းအနားသို့ တက်ရောက် လာသော အသက်(၈၀)နှစ်နှင့်အထက် အဘိုး ၃၂ ဦးအဘွား၁၅ဦးတို့အားလှူဖွယ်ပစ္စည်းများပေးအပ်လှူဒါန်းရာသက်ကြီးအဘိုးတစ်ဦးနှင့်အဘွားတစ်ဦးတို့ကဆုံးမသြဝါဒစကားပြန်လည်ပြောကြားသည်။             အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနားတွင်တက်ရောက်လာသောအဘိုးအဘွား(၄၇)အပါအဝင် အခမ်းအနားသို့ မတက်ရောက်နိုင်သော အသက်(၈၀)နှစ်နှင့်အထက် အဘိုးအဘွား ၆၆၃ ဦးတို့အတွက် အဘိုးတစ်ဦးလျှင် ကန်တော့ငွေ ၂၅၀၀၀ ကျပ်၊ ပုဆိုးတစ်ထည်နှင့်တိုင်းရင်းဆေးဝါးများ၊ အဘွားတစ်ဦးလျှင် ကန်တော့ ငွေ ၂၅၀၀၀ ကျပ်၊ ရွှေပါတိတ်တစ်ထည်နှင့်တိုင်းရင်းဆေးဝါးများအား လှူဒါန်းကန်တော့ခဲ့ပြီး ပြည်နယ်ကုသရေး ဦးစီးဌာနနှင့် တိုင်းရင်းဆေးဦးစီးဌာနတို့မှ အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကာ အခမ်းအနားသို့တက်ရောက်နိုင်ခြင်းမရှိသည့် သက်ကြီးဘိုးဘွားများအား ဘားအံမြို့ပေါ်ရှိ ရပ်ကွက် အသီးသီးမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ် လှူဒါန်းသွားမည်ဖြစ်ကြောင်သတင်းရရှိသည်။

FacebookTwitter