UEHRD စီမံကိန်းလုပ်ငန်းများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

 နေပြည်တော်၊၂၀၁၇၊နိုဝင်ဘာ ၁၆

          ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)၏ လုပ်ငန်းများဆောင်ရွက်ရန်အတွက်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ထမ်းမိသားစုများ၊jမြန်မာနိုင်ငံသစ်လုပ်ငန်းရှင် များအသင်း၊ သစ်အခြေခံ ပရိဘောဂအသင်း၊ သစ်အခြေခံ အနုပညာအသင်း၊ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းတို့က လှူဒါန်းငွေကျပ် (၂၁၉၆၁၀၀၀)ကိုသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းက(၁၅.၁၁.၂၀၁၇)ရက်နေ့၊ ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ UEHRD ဒုတိယ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter