မိခင်ဝိုင်းများတိုးချဲ့ဖွင့်လှစ်ခြင်းနှင့်လေဘေးအန္တ ရာယ် ကြိုတင်ကာကွယ်ပြင်ဆင်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ပြည်သူအကြားကွင်းဆင်းဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊၂၀၁၈၊ဇန်နဝါရီ ၃၀ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးစိုးအောင်သည်ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊တိုင်းဒေ သကြီးဦးစီးမှူးများနှင့်တာဝန်ရှိသူများ၊သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့လိုက်ပါလျက် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းတစ်ရပ်ဖြစ်သည့်မိခင်ဝိုင်းများတိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက်မင်းဘူးမြို့ ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်သင်ကြားလျက်ရှိသောမင်းဘူးမြို့နယေ်ကျးရွာ(၅)ရွာမှသင်တန်းသူမိခင်များ နှင့် ပံ့ပိုးသူများ အဖွဲ့ ကို မွန်းလွဲပိုင်းတွင် သွားရောက်တွေ့ဆုံရာတွင် မိခင်ဝိုင်းများဖွင့်လှစ်ရသည့် ရည်ရွယ်ချက် များ ဖြစ်သည့် ကလေးသူငယ်များပပြုစုပျိုးထောင်ပေးသည့်နည်းလမ်းကိုရပ်ရွာလူထုအတွင်းပျံ့နှံ့ရောက်ရှိစေရန်ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေးအ တွက်ပြျစုပျိုးထောင်ခြင်းလုပ်ငန်းကိုရပ်ရွာမှစုပေါင်းတာဝန်ယူလုပ်တတ် စေရန်နှင့် ကလေးဘက်စုံဖွံံ့ဖြိုးရေးအတွက် ပြုစုပျိုး ထောင်တတ်စေရန် စသည့် ရည်ရွယ်ချက်များကို အကောင်အ ထည်ဖော်နေမှုများ ရှင်းလင်း ပြောကြား ပြီး သင်တန်းအဖွဲ့က ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးမှုအပါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လေဘေးကြိုတင်ပြင်ဆင်ရေးအတွက် မင်းဘူး၊ စကု မြို့နယ်၊ ကျောက်စစ်ပုံကျေးရွာသို့ ညနေပိုင်းတွင်ရောက်ရှိပြီး ရွာလယ်ဇရပ်၌ ရပ်ရွာ လူထုနှင့်တွေ့ဆုံ၍ သဘာဝဘေးကြိုတင် ပြင်ဆင်ရေးနှင့်ပတ်သက်၍ဆောင်းအကုန်နွေအကူးရာသီပြောင်းချိန်တွင်ဖြစ်တတ်သောလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများလျော့နည်းသက်သာစေရေးအတွက်လိုအပ်ချက်များဖြည့်ဆည်းပံ့ပိုးရန်အတွက်လာရောက် ရခြင်းဖြစ်ကြောင်း၊ ကျေးရွာသူ/သားများမှလည်း သဘာဝဘေးနှင့်ပတ်သက်၍ အခက်အခဲများရှိပါက ဆွေးနွေးအကြုံပြုစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးက ၂၀၁၇ခုနှစ်၊ မတ်လတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လူနေအိမ်(၁၁၁)လုံး လေပြင်းတိုက်ခတ်မှုဒဏ် ခံနိုင်ရေးအတွက် ရန်ပုံငွေများထောက်ပံ့ပေးခဲ့သဖြင့် အိမ်အမိုးသွပ်ပြား၊ အကာနှင့်အိမ်တိုင်များ ဝယ်ယူဖြန့်ဝေပေးခဲ့ကြောင်းနှင့် ကျေးရွာသူရွာသားများအနေဖြင့်လည်း ယခုလိုထောက်ပံ့ခြင်း အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ကျေးရွာသူရွာသားများကလေဘေးကြိုတင်ပြင်ဆင်ရေးအတွက်လိုအပ်ချက်များဆွေးနွေးကြပြီးကျေးရွာစာကြည့်တိုက် မှူးမှလည်း စာကြည့်တိုက်အတွက် စာအုပ်များလိုအပ်နေကြောင်းတင်ပြရာ ဒုတိယဝန်ကြီးက ဗဟုသုတဖြစ်ဖွယ် စာအုပ် များဝယ်ယူဖြည့်တင်းရန်အတွက် ကျပ် (၂)သိန်းကို လှူဒါန်းခဲ့ပြီး ကျေးရွာအတွင်း ပြုပြင် ပြီးလူနေအိမ်များနှင့် ထပ်မံပြင်ဆင်ပေးရန်လိုအပ်သောလူနေအိမ်အချို့အားတာဝန်ရှိသူများနှင့်အတူကြည့်ရှု၍ထပ်မံစိစစ်ထောက်ပံ့နိုင်ရေးစီစဉ်ဆောင်ရွက်ပေးခဲ့ ပါသည်။ (၂၈.၁.၂၀၁၈)ရက်နေ့၊နံနက်ပိုင်းတွင်ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်အတူကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်၊ မကွေးတိုင်းဒေသကြီးကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူး နှင့် သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးတို့ လိုက်ပါလျက် လေဘေးကြိုတင်ပြင်ဆင်ရေးအတွက် ပွင့်ဖြူမြို့နယ် ကပြည့်ကျေးရွာသို့ သွားရောက်ခဲ့ရာ ရပ်ရွာလူထုနှင်တွေ့ဆုံ၍ သဘာဝကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး အုပ်ချုပ်ရေးမှူးက ၂၀၁၇ ခုနှစ် မတ်လတွင် လူမှုဝန်ထမ်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လူနေအိမ် (၁၀၀) လုံး လေပြင်းတိုက်ခတ်ဒဏ် ခံနိုင်ရေးအတွက် ရံပုံငွမျေားကို ထောက်ပံ့ပေးခဲ့သဖြင့် အိမ်ဆောက်ပစ္စည်းများ ဝယ်ယူပြုပြင်ခြင်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကျေးရွာလူထု၏ ဆွေးနွေးတင်ပြချက်အရ ဒုတိယဝန်ကြီးက အသက် (၉၀) နှင့်အထက် အဖွား (၅) ဦးအတွက် သက်ကြီးလူမှုရေးပင်စင်များ ထောက်ပံ့ခဲ့ပါသည်။ ထို့အပြင် ကျေးရွာအုပ်စုအတွင်း ဆင်းရဲနွမ်းပါးသော အမျိုးသမီးအိမ်ထောင်ဦးစီးများ ရင်းနှီးလုပ်ကိုင် ရောင်းဝယ်ဖောက်ကားရန်အတွက် ရင်းနှီး မတည်ငွေအဖြစ် အရင်းမပျောက် မတည် ထောက်ပံ့ငွေ ကျပ်(၆) သိန်း တိတိအား ကျေးရွာအုပ်ချုပ်ရေးမှူးသို့လည်း ကောင်း၊ အသက် (၇၀/၈၀) ကျော် အဖွား (၂) ဦး ဆေးဝါးကုသရန် ထောက်ပံ့ငွေများအား ထောက်ပံ့ပေးခဲ့ပြီး ရှေးဦးအရွယ် ကလေး သူငယ် များ ပြုစုစောင့်ရှောက်ပေးသည့်မိခင်ဝိုင်းများတိုးချဲ့ဖွင့်လှစ်နိုင်ရေးတို့ကို စီစဉ်ဆောင်ရွက် ပေးခဲ့ပြီး လေဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးအတွက်ကျေးရွာအတွင်းလှည့်လည်ကြည့်ရှု၍ကြိုတင်ပြင်ဆင်ရန်ထပ်မံဆောင် ရွက်ရမည့် လုပ်ငန်းများကို ကျေးရွာလူထုနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သတင်းရရှိပါသည်။