၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအားနှုန်းထားသစ်အရ ထောက်ပံ့ကြေးငွေတိုးမြှင့်ပေးအပ်ခြင်း
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ ၂၀၁၈၊ဖေဖေါ်ဝါရီ ၅
လူမှုဝန်ထမ်းဦးစီးဌာန၊ဗန်းမော်ခရိုင်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ် အတွက်စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအားနှုန်းထား သစ်အရထောက်ပံ့ကြေးငွေ တိုးမြှင့်ပေးအပ်ခြင်း အခမ်းအနားအား (၁.၂.၂၀၁၈)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ ၊မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့မှတာဝန်ရှိသူများ၊ပရဟိတဂေဟာနှင့်ဘိုးဘွားရိပ်သာတို့မှ ကြီးကြပ်မှုှ ကော်မတီဝင်များ နှင့်ဂေဟာမှူးများ၊နှင့်ဖိတ်ကြားထားသူများတက်ရောက်ခဲ့ပြီး ဗန်းမော်ခရိုင်လူမှုဝန်ထမ်းရုံးမှလက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်မှထောက်ပံ့ပးအပ်ရခြင်းအကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဗန်းမော်ခရိုင် လူမှုဝန်ထမ်းရုံး၊လက်ထောက်ညွှန်ကြားရေးမှူးတို့မှဗန်းမော်မြို့ရေရှင်ပရဟိတဂေဟာ၊ညောင်ပင်သာပရဟိတဂေဟာတို့နှင့်ပေါက်ကုန်းဘိုးဘွား ရိပ်သာတို့အားထောက်ပံ့ကြေးငွေများအားပေးအပ်ခဲ့ပါသည်။