လူငယ်ရေးရာမူဝါဒဆိုင်ရာလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးတိုက်တွန်း

 နေပြည်တော်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၉                                

          DanishnstituteforPartiesandDemocracy(DIPD)မှဦးဆောင်၍ပါတီစုံဒီမိုကရေစီအစီအစဉ်တွင်ပါဝင်သောနိုင်ငံရေးပါတီပေါင်းစုံမှလူငယ်(၄၀) ဦးတို့အားလူငယ်ရေးရာမူဝါဒလုပ်ငန်းစဉ်အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို (၈.၂.၂၀၁၈)ရက်နေ့၊ နံနက်က ဝန်ကြီးရုံးရှိ လူမှုဝန်ထမ်းဦးစီးဌာနအစည်းအေဝေး ခန်းမတွင် ကျင်းပခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် နှုတ်ခွန်းဆက်စကားပြောကြားရာတွင် "လူငယ်များ၏ ကြိုးပမ်းမှုကြောင့်ယခုအခါလူငယ်များကိုယ်တိုင်ရေးဆွဲသောလူငယ်ရေးရာမူဝါဒပေါ်ထွက်လာပြီးဖြစ်ပါကြောင်း၊ယခုရောက်ရှိလာကြသောလူငယ် များသည် လူငယ်မူဝါဒ အကောင်အထည်ဖော်ရာတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ရဲဘော်စိတ်ဖြင့် ဆက်ဆံကြစေ လိုကြောင်း၊ ယနေ့လူငယ်များသည် နောင်တွင်လူကြီးများ ဖြစ်လာကြမည်ဖြစ်၍ မိမိတို့၏ ဆောင်ရွက်ချက်များကို  ကောင်းမွေ အဖြစ်ထားရှိနိုင်အောင် ကြိုးစားကြစေလိုကြောင်း  ပြောကြားခဲ့ပါသည်။

 

 

FacebookTwitter