မြန်မာနိုင်ငံကလေးများနေ့ အကြိုလှုပ်ရှားမှုများကို ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းများတွင် ကျင်းပပြုလုပ်လျက်ရှိ

နေပြည်တော်  ၊၂၀၁၈၊ဖေဖေါ်ဝါရီ ၁၃

          ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင်ကျရောက်မည့်အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း ၏မွေးနေ့၊ မြန်မာနိုင်ငံကလေးများနေ့အဖြစ် အကြိုလှုပ်ရှားမှုအစီအစဉ်များကိုနေပြည်တော်ကောင်စီအပါအဝင်တိုင်းဒေသကြီး/ပြည်နယ်များတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထား ရေးဝန်ကြီးဌာနက ဦးဆောင်၍ ကျင်းပလျက်ရှိသည်။

          အဆိုပါလှုပ်ရှားမှုများတွင် ကလေးများအားလုံးပါဝင်နိုင်စေရန်ရည်ရွယ်၍ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၊ လူငယ်သင်တန်းကျောင်းများ၊ ကလေးပြုစုရေးဌာနများ၊ ပရဟိတဂေဟာ များမှ ကလေးငယ်များနှင့်ရပ်ရွာအတွင်းမှကလေးငယ်များပါဝင်၍ ပျော်ပွဲရွှင်ပွဲများကျင်းပခြင်း၊ အားကစားပြိုင်ပွဲများကျင်းပခြင်း၊ အာဟာရများကျွေးမွေးခြင်း၊ပန်းချီပြိုင်ပွဲများကျင်းပခြင်း၊ပုံပြင်ကဗျာရွတ်ပြိုင်ပွဲများ၊ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကျင်းပခြင်းနှင့်တေးသရုပ်ဖော်အစီအ စဉ်များ တင်ဆက်ခြင်းတို့ကို နေပြည်တော်ကောင်စီနယ်မြေရှိ ရင်သွေးရတနာမူကြိုနှင့် နန်းထိုက်ရတနာ မူကြိုတို့တွင်လည်းကောင်း၊ ကချင်ပြည်နယ်မြစ်ကြီးနားမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ရှမ်းပြည်နယ် (တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံနှင့် တာချီလိတ်) စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့တွင် (၈-၂-၂၀၁၈)မှ (၁၃-၂-၂၀၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်၍ ကလေးများနေ့အထိမ်းအမှတ်အဖြစ် လေ့လာရေးခရီးစဉ်များလည်း သွားရောက် လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter