ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ရှိ သဲချောင်း (ရခိုင်)ရွာနှင့် ခေါင်းဒုက္ကာကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ dignity kit များ ထောက်ပံ့ပေးအပ်ခြင်း
ရခိုင်ပြည်နယ်၊ ၂၀၁၈ခုနှစ်၊ မေလ ၄ရက်
လူမှုဝန်ထမ်းဦးစီးဌာန၊ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ပြည်နယ်ဦးစီးမှူး၏ဦးဆောင်မှုဖြင့်ဝန်ထမ်းများပါဝင်သောအဖွဲ့သည်(၂၅.၄.၂၀၁၈)ရက်နေ့ တွင်စစ်တွေမြို့ပေါ်သဲချောင်း(ရခိုင်)ရွာရှိအိမ်ထောင်စုဦးရေ(၁၅၆)စုနှင့်ခေါင်းဒုက္ကကယ်ဆယ်ရေးစခန်းရှိအမျိုးသမီးဦးဆောင်သောအိမ်ထောင်စု ဦးရေ (၈၄)စု၊ စုစုပေါင်းအိမ်ထောင်စုဦးရေ(၂၄၀)စုတို့အား(စောင်၊လုံချည်၊အမျိုးသမီးအသုံးအဆောင်ပစ္စည်းများ၊တစ်ကိုယ်ရည်သန့်ရှင်းမှုပစ္စည်း များ ၊ စုစုပေါင်းပစ္စည်း (၉)မျိုးပါ dignity kit များအား သွား ရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။