လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေး(ဒုတိယအကြိမ်) အစည်းအဝေးကျင်းပခြင်း
နေပြည်တော် ၊၂၀၁၈ခုနှစ် ၊ မေလ ၄ရက်
လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေး (ဒုတိယအကြိမ်) အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မှ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဝန်ကြီးရုံးစုပေါင်းခန်းမ၌(၃.၅.၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာပြည်ထောင်စုဝန်ကြီးမှလူငယ်မူဝါဒထွက်ရှိပြီးမဟာဗျူဟာရေးဆွဲဆောင်ရွက်နေပြီဖြစ်၍အတိုင်းအတာတစ်ခုထိပြီးမြောက်ေ နပြီဖြစ်သဖြင့် လူငယ်များအားလုံးမှ စည်းလုံး ညီညွတ်စွာ အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ရန်လိုပါအပ်ကြောင်း၊ ဌာနဆိုင်ရာ အသီးသီး၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲလုပ်ငန်းစဉ်များတွင် လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးများအတွက်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လူငယ်များဘက်မှ မတူညီကွဲပြားခြားနားမှုများ၊ ပညာအရည်အချင်း၊ ပတ်ဝန်းကျင်ဒေသ အခြေအနေ၊ ဆင်းရဲချမ်းသာ ကွာဟချက် များစွာရှိ နိုင်ပါကြောင်း၊အဆိုပါမတူကွဲပြားခြားနားချက်များကိုအတတ်နိုင်ဆုံးညှိနှိုင်းပြီးလူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ရေး ဆွဲပြီးလက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လူငယ်များတန်းတူညီမျှအခွင့်အရေးများခံစား ရရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူးမိန့်ခွန်းတွင်ပါဝင်သည့် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများရဲ့ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေး၊ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက်အခြေခံအုတ်မြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့အချက်များကို အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေမည့် လူငယ်များတက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်မည့် အစီအစဉ်များကိုထည့်သွင်းဆောင်ရွက်သွားရန်နှင့်လူငယ်များတက်ကြွစွာပါဝင် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။အစည်းအဝေးသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေးအတွက် ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။