ကချင်ပြည်နယ်ရှိ တိုက်ပွဲရှောင် ပြည်သူများ ဘေးကင်းလုံခြုံမှုရှိရေးနှင့်ကူညီထောက် ပံ့ရေး ကိစ္စများ ပြည်ထောင်စုအစိုးရနှင့်ပြည်နယ်အစိုးရပူးပေါင်းဆောင်ရွက်
ကချင်ပြည်နယ်၊ ၂၀၁၈ခုနှစ်၊ မေလ ၇ရက် မြစ်ကြီးနားမြို့တွင်ရောက်ရှိနေသောလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒေါက်တာဝင်းမြတ်အေးသည် (၆.၅.၂၀၁၈)ရက်နေ့၊နံနက်ပိုင်းကကချင်ပြည်နယ်မိုးကောင်းမြို့နယ်နမ္မတီးမြို့ရှိလမ်းခွကျေးရွာသို့ရောက်ရှိပြီးလယ်ဘရော့ယန်နှစ်ခြင်းဘု ရားကျောင်းတွင်ယာယီဖွင့်လှစ်ထားသောတိုက်ပွဲရှောင်စခန်းသို့ရောက်ရှိကြပြီးနေရပ်စွန့်ခွာလာရသောပြည်သူများကိုတွေ့ဆုံကာအားပေးစ ကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးကတိုက်ပွဲများကြောင့်နေရပ်စွန့်ခွာလာကြရသောပြည်သူများအနေဖြင့်စားဝတ်နေရေးနှင့်ပညာ ရေး၊ကျန်းမာရေး၊လူမှုရေးများတွင်လိုအပ်ချက်များရှိမည်ဖြစ်ကြပြီးကူညီထောက်ပံ့ဖြေရှင်းပေးရန်မှာလည်းအစိုးရ၏တာဝန်ဖြစ်သဖြင့်ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း၊ထာဝရငြိမ်းချမ်းရေးအတွက်စားပွဲဝိုင်းအဖြေရှာမှုဖြင့်ညှိနှိုင်းပြီးမျှတသောအကျိုးရလဒ်ကောင်းရရှိရေးကိုအစိုးရ အနေဖြင့်ဆောင်ရွက်လျက်ရှိကြောင်း၊တိုက်ပွဲရှောင်ပြည်သူများ၏ဆန္ဒသဘောထားများကိုရယူပြီးဆောင်ရွက်ရန်ရှိသည်များကိုလည်းမဆိုင်းမ တွဆောင်ရွက်လျက်ရှိပါကြောင်း၊အစိုးရ၏ဆောင်ရွက်ချက်များကိုပြည်သူများအားလုံးပူးပေါင်းဆောင်ရွက်ကြရန်လည်းတိုက်တွန်း ပါကြောင်းဖြင့်ပြောကြားခဲ့ပါ သည်။ ထို့နောက်လန်ဘရော့ယန်၊စိန့်ဒေါမနစ်၊ဧမာနွေလဘုရားကျောင်းများရှိတိုက်ပွဲရှောင်စခန်းများမှငါးနှစ်အောက်ကလေး ငယ်များအတွက် ထောက်ပံ့ငွေကျပ် (၅၇)သိန်း၅သောင်း၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် ထောက်ပံ့ငွေ ကျပ် (၁၃)သိန်း၊ မသန်စွမ်း သူများအတွက် ထောက်ပံ့ငွေ (၁၇)သိန်း၊ အမျိုးသမီးအိမ်ထောင်ဦးစီးမိသားစုများအတွက် ထောက်ပံ့ငွေကျပ် (၂၀)သိန်း နှင့် ဆန်၊ဆီ၊ဆား၊ပဲရိက္ခာတစ်လစာတို့ ကိုထောက်ပံ့ပေးအပ်ရာတာဝန်ရှိသူများကလက်ခံရယူကြပြီးကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ဆက်လက်၍ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် စိန့်ပေါလု(RC)ဘုရားကျောင်းရှိနေရပ်စွန့်ခွာလာသူပြည်သူများနှင့်တွေ့ဆုံကာအားပေးနှစ်သိမ့််စကားပြောကြားခဲ့ပါ သည်။ နေရပ်စွန့်ခွာလာ ကသော ပြည်သူများကလိုအပ်ချက်များကိုတင်ပြကြရာ တွင် ကျောင်းဖွင့်ရာသီနီး လာ ပြီဖြစ်သဖြင့် ကလေးငယ်များ စာသင်ကြားခွင့်ရရှိရေး၊ နဂိုမူလနေရာတွင် ကျန်ရှိခဲ့သည့် ကျွှဲ၊ နွား၊ တိရစ္ဆာန်များနှင့် စိုက်ပျိုးသီးနှံ များစနစ်တကျရှိစေရန်အတွက် ကူညီပေးပါရန် တင်ပြမှုများအပေါ်ပြည်ထောင်စုဝန်ကြီးနှင့်ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်တို့ကဆောင်ရွက်ပေးမည့်အစီအမံ များကိုပြန်လည်ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။ထို့နောက်စိန့်ပေါလုဘုရားကျောင်းတွင်ခေတ္တခိုလှုံနေသောကဆုန့်ကျေးရွာတိုက်ပွဲရှောင်ပြည် သူများမှအသက်ငါးနှစ်အောက်ကလေးသူများငယ်များအတွက်ထောက်ပံ့ငွေကျပ်(၂၀)သိန်း၊ကိုယ်ဝန်ဆောင်မိခင်များအတွက်ထောက်ပံ့ငွေကျပ် (၂)သိန်း၊မသန်စွမ်းသူများအတွက်ထောက်ပံ့ငွေ(၂)သိန်း၊အမျိုးသမီးအိမ်ထောင်ဦးစီးမိသားစုများအတွက်ထောက်ပံ့ငွေ(၆)သိန်းနှင့်ဆန်၊ဆီ၊ဆား၊ ပဲ၊ရိက္ခာတစ်လစာတို့ကိုထောက်ပံ့ပေးအပ်ရာတာဝန်ရှိသူများက လက်ခံရယူကြပြီးကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ မွန်းလွဲပိုင်းတွင်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်မြစ်ကြီးနားမြို့နောင်နန်းကျေးရွာတြီနီတီဘုရားကျောင်းသို့ရောက် ရှိခဲ့ပြီး တိုက်ပွဲရှောင်ပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားပြီးတိုင်ပွဲရှောင်ပြည်သူများမှအသက်ငါးနှစ်အောက်ကလေးသူများငယ်များ အတွက် ထောက်ပံ့ ငွေကျပ် (၆၆)သိန်း၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် ထောက်ပံ့ငွေကျပ် (၂၁)သိန်း၊ မသန်စွမ်းသူ များအတွက် ထောက်ပံ့ငွေ (၁၆)သိန်း၊အမျိုးသမီးအိမ်ထောင်ဦးစီးမိသားစုများအတွက်ထောက်ပံ့ငွေ(၁၀)သိန်း(၅)သောင်းကျပ်နှင့်ဆန်၊ဆီ၊ဆား၊ပဲရိက္ခာတစ်လစာ တို့ကိုထောက်ပံ့ပေးအပ်ရာတာဝန်ရှိသူများကလက်ခံရယူကြပြီးကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် တွေ့ဆုံ၍ လက်ရှိတိုက်ပွဲများကြောင့် အချို့နေရာများတွင် သွားလာမှုခက်ခဲမှုရှိသည့် ဘေးသင့်ပြည်သူများကို လုံခြုံသောနေရာများသို့ ပြောင်းရွှေ့နိုင်ရေး ပြည်ထောင်စုအစိုးရ၏ အစီအစဉ်ကို တပ်မတော်၊ ပြည်နယ်အစိုးရတို့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေး ဆွေးနွေးခဲ့ရာ မန်ဝယ်ကျေးရွာမှ ပြောင်းရွှေ့ပေးရန်လိုအပ်သော ပြည်သူ (၁၅၃)ဦးကို ပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့် ကာမိုင်း၊ ဖားကန့် မြို့နယ်များရှိ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ ပထမဦးစွာ ချောင်းဝကျေးရွာမှ တစ်ဆင့် စက်လှေများဖြင့် ခေါ်ယူ၍ အင်းတော်ကြီး၊ ရွှွေမဉ္ဖူ ဓမ္မာရုံတွင် ခေတ္တနေထိုင်စေ၍ နောက်ရက်တွင် ၎င်းတို့လိပ်စာပေးထားသော ကာမိုင်းမြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများသို့ ခေတ္တနေထိုင်ရေးနှင့် အချို့ကို၎င်းတို့၏မူလနေရာများသို့မော်တော်ယာဉ်များဖြင့်ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ထိုသူများလက်တလောစားသုံးရန်နှင့်အခြားလို အပ်ချက်များကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကတစ်ပြိုင် တည်းထောက်ပံ့ပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။ပြည်ထောင်စုဝန်ကြီးသည်တိုက်ပွဲရှောင်စခန်းများသို့သွားရောက်တွေ့ဆုံအားပေးထောက်ပံ့ ရာတွင်ကလေးငယ်များအားအာဟာရမုန့်များပေးဝေခြင်းနှင့်အသက်(၉၀)နှစ်နှင့်အထက်အဘိုးအဘွားများကိုလည်းသီးခြားစီတွေ့ဆုံ၍လက်ဝယ် အရောက်ငွေကြေးေ ထာက်ပံ့ခြင်းများလည်း ဆောင်ရွက်ခဲ့ပြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ခရီးစဉ်အတွင်း စုစုပေါင်း ထောက်ပံ့ငွေ (၇၀၈၄၆၁၂၅) ကျပ်ဖြစ်ကြောင်း သတင်းရရှိပါသည်။