လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး H.E. Ms. Tone Tinnes လာရောက်တွေ့ဆုံ

နေပြည်တော် ၊၂၀၁၈ခုနှစ်၊ မေလ ၁၅ရက်          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားမြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး H.E. Ms. Tone Tinnesက (၁၄.၅.၂၀၁၈)ရက်နေ့၊ညနေပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့   ဆုံပါသည်။          ထိုသို့တွေ့ဆုံရာတွင်ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏အကြံပြုချက်များအားဦးစားပေးအစီအစဉ်အလိုက်အကောင်အထည်ဖေါ်ရာ တွင်နိုင်ငံသားစိစစ်ရေးလုပ်ငန်း၊လွတ်လပ်စွာသွားလာခွင့်ရရှိစေရေးနှင့်၂၀၁၂ခုနှစ်ကဖွင့်လှစ်ခဲ့သောကယ်ဆယ်ရေးစခန်းများပိတ်သိမ်းရေးတို့ အတွက်ညှိနှိုင်းဆောင်ရွက်နေမှုများ၊စခန်းများပိတ်သိမ်းရေးဆောင်ရွက်ရာတွင်စခန်းတွင်းနေထိုင်သူများအတွက်ပြန်လည်နေရာချထားရေးအစီ အစဉ်အား ၎င်းတို့၏သဘောတူညီချက်ဖြင့်ဆောင်ရွက်နေမှုများ၊ရပ်ရွာလူထုအတွင်းသဟဇာတရှိစွာနေထိုင်နိုင်ရေးအတွက်နည်းမျိုးစုံဖြင့်ချဉ်း ကပ်ဆောင်ရွက်နေမှုများ၊ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအကောင်အထည်ဖေါ်ဆောင်ရေးကော်မတီ၏အကြံပေးဘုတ်အဖွဲ့၏အကြံပြုချက် တစ်ခုဖြစ်သည့်ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအကောင်အထည်ဖေါ်ဆောင်မည့်စံပြကျေးရွာတစ်ခုတည်ထောင်ရေးဆောင်ရွက်နေသည့် လုပ်ငန်းများ၊စစ်တွေပြည်သူ့ဆေးရုံတိုးချဲ့တည်ဆောက်ရေးနော်ဝေနိုင်ငံမှကူညီထောက်ပံ့နေသည့်ကိစ္စများ၊အားလုံအကျုံးဝင်ကျန်းမာရေးစောင့်ေ ရှာက်မှုစနစ်တရပ်ထူထောင်ရေးကိစ္စများ၊ပစ္စည်းကိရိယာစုံလင်စွာပါဝင်သည့်ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုဆေးပေးခန်းများဖြင့်ကျန်းမာရေး ဝန်ဆောင်မှုပေးနိုင်ရေးကိစ္စများ၊မိုင်းအန္တရာယ်အသိပညာပေးရေး အပါအဝင်နှင့် မိုင်းအန္တရာယ်လျော့ချရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ (Nowaygian People Aids)အဖွဲ့မှ မြန်မာနိုင်ငံအား ကူညီပေးရန် နားလည်မှုစာချွန်လွှာရေးထိုးရေးလုပ်ငန်း များအားရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter